ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာပညာရေးဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက် နေပြည်တော် နိုဝင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီး မစ္စတာဟွေကျင်းဖန်း၏ ဖိတ်ကြားချက်အရ ထျန်းကျန်းမြို့၌ နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာဆိုင်ရာ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးညီလာခံ – ၂၀၂၄ သို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် Tiankai Higher Education Innovation Park သို့ သွားရောက်လေ့လာခဲ့ကြပြီး ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာဟွေကျင်းဖန်း၊ ဒုတိယဝန်ကြီးများ၊ ထျန်းကျန်းမြို့တော်ဝန်နှင့်တာဝန်ရှိသူများ၊ အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံအသီးသီးမှ […]
နေပြည်တော် နိုဝင်ဘာ ၁၈ စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကော်မရှင်က ဦးဆောင်ကျင်းပသည့် ကမ္ဘာလုံး ဆိုင်ရာ ရေရှည်တည်တံ့ ခိုင်မြဲသောခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့်ဆက်စပ်၍ စင်ကာပူနိုင်ငံခရီးသွား လုပ်ငန်းဘုတ်အဖွဲ့က အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြသည်။ နိုဝင်ဘာ ၁၃ ရက်တွင် စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရုံး၌ ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာနိုင်ငံ၏အဓိက ခရီးသွားစျေးကွက်နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ ရေးဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအလားအလာများအရ အနာဂတ်အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထား […]