ဒီရက်ပိုင်းအတွင်း ကယားပြည်နယ်အခြေအနေနဲ့ ပတ်သက်လို့ တွေ့မြင်ရတဲ့ သတင်းကောင်းလေးတွေအပေါ် မုဒိတာပွား ဝမ်းမြောက်ခြင်းကြောင့် ဒီဆောင်းပါးကို ရေးသားခြင်းဖြစ်ပါတယ်။ မုဒိတာပွားရခြင်းက ကယားပြည်နယ်မှာ အကြမ်းဖက်ဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်တွေကြောင့် အတိဒုက္ခရောက်ခဲ့ရတဲ့ ပြည်သူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကူညီပံ့ပိုးငွေတွေ ပေးအပ်တယ်။ စားနပ်ရိက္ခာတွေ ပေးအပ်ကြတယ်။ ဒေသခံပြည်သူတွေ လိုအပ်ချက်တွေကို နိုင်ငံတော်အကြီးအကဲများက ဆောင်ရွက်ပေးခဲ့သည့်အတွက် မုဒိတာပွားမိခြင်း ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့က (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ ဖြစ်ပါတယ်။ ကယားပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့တဲ့ သဝဏ်လွှာမှာ ကယားပြည်နယ်နေ့ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်လို့ ” ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြည်နယ်တစ်ခုအဖြစ်ပါဝင်သော ကရင်နီပြည်နယ်ကို ၁၉၅၁ ခုနှစ်၊ […]