ylliX - Online Advertising Network

ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

  ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၁၁ ရက် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍  သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းဒေသများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ဝင်ရောက်ခိုအောင်းနေ ထိုင်ကြောင်း သတင်းပေးပို့မှုများ ရရှိလာပါက အကြမ်းဖက်သမားများ အမှန်တကယ်ဝင်ရောက် နေထိုင်မှု ရှိ/မရှိနှင့် ဒေသခံပြည်သူများနေထိုင်ခြင်း ရှိ/မရှိကို […]

မိုးမောက်မြို့ ကုန်းလောရွာကို ဗုံးကြဲ၊ ကလေးများအပါအဝင် ၈ ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကုန်းလောရွာကို နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။ မိုးမောက်မြို့မြောက်ဘက် ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသော ကုန်းလောရွာကို မွန်းလွဲ ၃ နာရီ မိနစ် ၄၀ ခန့်တွင် လေယာဉ်တစ်စီးက ဗုံးကြဲခဲ့စဉ် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းကို ဗုံးထိမှန်ခဲ့သည်။ ဘုရားကျောင်းအနီးဝန်းကျင်တွင် စစ်ရှောင်များ လာရောက်ခိုလှုံနေထိုင်လျက်ရှိရာ ဆော့ကစားနေသည့် ကလေးငယ်များအပါအဝင် ဒေသခံ ၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကုန်းလောရွာမှ ဘုရားကျောင်းအပျက်အစီးများ။ (ဓာတ်ပုံ- ပေးပို့) “ (ဘုရားရှိခိုးကျောင်း)အဲဒီမှာက […]