ylliX - Online Advertising Network

ဆိုင်ဘာလုံခြုံရေး ဥပဒေနဲ့ ငွေဆောင် ဆွေးနွေးပွဲရလဒ် ၇ ချက်

မိုးမခ၊ ဇန်နဝါရီ ၃၊ ၂၀၂၅ ဆိုင်ဘာလုံခြုံရေး ဥပဒေနဲ့ ငွေဆောင် ဆွေးနွေးပွဲရလဒ် ၇ ချက်  နှစ်သစ်အစ ဇန်နဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက ဆိုင်ဘာလုံခြုံရေး ဥပဒေကို လက်မှတ်ရေးထိုးထုတ်ပြန် လိုက်ပါတယ်။ အဓိကရည်ရွယ်ချက်က VPN လို့ ခေါ်တဲ့ ဆော့ဖ်ဝဲသုံးစွဲမှု ဝန်ဆောင်မှုပေးမှုတွေကို အပြစ်ပေးနိုင်အောင် ရည်ရွယ်ထားပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာကတည်းက ဥပဒေကို အမိန့်အာဏာနဲ့ အတည်ပြုဖို့ သက်ဆိုင်ရာ မြန်မာနိုင်ငံကွန်ပျူတာ အိုင်တီနဲ့ သက်ဆိုင်တဲ့ အသင်းအဖွဲ့တွေဆီ အကြံဉာဏ်တောင်းခံစာ ပေးပို့ခဲ့ပါသေးတယ်။ အဲဒီကာလက သတင်းမီဒီယာမှာ ဒီဥပဒေကြမ်းကို အင်တာနက် အသုံးပြုမှုကို ပိုမိုထိန်းချုပ်ကန့်သတ်မယ့် ရည်ရွယ်ချက်နဲ့ ပြင်ဆင် အတည်ပြုမယ့် ခြေလှမ်းကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။  စစ်အာဏာသိမ်းပြီးနောက်ရက်ပိုင်းအတွင်း အင်တာနက် […]

နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀) တို့ကို လိုက်နာစောင့်ထိန်းရန် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ပြောကြား

ရန်ကုန်၊ ဒီဇင်ဘာ ၃၀ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ၂၈-၁၂-၂၀၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများသို့သွားရောက်ပြီး ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းပါလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း များနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀) တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် […]

နပခကိုသိမ်းပိုက်မှုနဲ့ ရခိုင်တပြည်လုံးလွတ်မြောက်တော့မယ့်အောင်ပွဲကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၄ ခုက ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်AAကသိမ်းပိုက်နိုင်မှုနဲ့ ရခိုင်တပြည်လုံးလွတ်မြောက်တော့မယ့်အောင်ပွဲကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၄ ခုက ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ မှာသဝဏ်လွှာပေးပို့ခဲ့ကြတာဖြစ်ပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ခြင်းနဲ့အတူ မကြာမီကာလမှာ ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်တွေ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ရဲ့ ဆက်လက်တိုက်ပွဲဝင်မှုနဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါကြောင်း သဝဏ်လွှာမှာပြောဆိုထားပါတယ်။ စစ်အာဏာရှင်စနစ်အောက်ကနေ ပထမဦးဆုံးလွတ်မြောက်မယ့် ရက္ခိုင်ပြည်ရဲ့ အလားအလာကောင်း များနဲ့အတူ ရက္ခိုင်ပြည်လွတ်မြောက်ရေးမှာသာရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်ရင်းသားလူမျိုး အသီးသီးရဲ့လွတ်မြောက်ရေးတိုက်ပွဲများနဲ့ အပြန်အလှန်ဆက်စပ်ပြီး ပြည်သူ လူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ULA/AA […]

တောင်ကုတ်မြို့ပေါ်ရှိ စစ်စခန်းကြီး ၃ ခုကို တပြိုင်နက် AA ထိုးစစ်ဆင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ပြီးနောက်  မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ -၅) နှင့် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၄၆၊ ၅၄၄၊ စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင်  ထုတ်ပြန်သည်။  နိုဝင်ဘာ ၄ ရက် မှ ၂၀ ရက်အထိ ၁၇ ရက်ကြာ ထိုးစစ်အတွင်း တောင်ကုတ်မြို့ ပြင်ပရှိ စစ်စခန်းများ သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာ၂၄ ရက်တွင် အလုံးစုံထိန်းချုပ်ထားနိုင် ခဲ့ခြင်းဖြစ်သည်ဟု  AA က ဆိုသည်။ တောင်ကုတ်မြို့ပြင်ပရှိ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ […]

နယ်စပ်စခန်း ၉ ခုကို ထိုင်းစစ်တပ်က ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့ပြော

ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်းရှိ ‘ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ ၁၇၁ စစ်ဒေသတွင်းရှိ စစ်စခန်းများကို ထိုင်းစစ်တပ်က လာရောက်ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့က အတည်ပြုသည်။ ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA တပ် တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နမိတ်အတွင်း ရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး နိုဝင်ဘာလအတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ သို့သော် ယနေ့အထိ UWSA တပ်စခန်းများ ဖယ်ရှားခြင်းမရှိသေးသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာသည်ဟု UWSA ၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။ “ထိုင်းဖက်က အင်အားတိုးတယ်လို့ သိရပြီး ကျွန်တော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ”ဟု ဦးညီရန်းက ပြောသည်။ ၁၇၁ စစ်ဒေသနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်၏ […]

ပေါက်မြို့ ကိုင်းလယ်ရဲစခန်းအပါအဝင် နေရာ ၃ ခုကို ဒရုန်းဗုံးသီး ၃၀၀ ကျော်နဲ့ တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းက ကိုင်းလယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ နေရာ ၃ခုကို ဒရုန်းဗုံးသီးပေါင်း ၃၀၀ ကျော်နဲ့ ကျဲချတိုက်ခိုက်ခဲ့ကြောင်း ပကဖအရင်းအမြစ်ထံက သိရပါတယ်။ကိုင်းလယ်ရဲစခန်းကို နိုဝင်ဘာလ (၄) ရက်နေ့ကနေ (၁၁) ရက်နေ့အထိ ဒရုန်း ၆စီးနဲ့ ဗုံးသီး ၂၀၀ ကျော် ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာလ (၁၅) (၁၆) (၁၈) နဲ့ (၁၉) ရက်နေ့တွေမှာ ယာကြီးပြင် ပျူစောထီးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ်တွေ၊ ဘန်ကာတွေနဲ့ စစ်ကောင်စီ တပ်သားတွေ တပ်စွဲ နေရာတွေကို ဒရုန်းဖြင့် ၁၀၀ မမ၊ ၆၀ မမ ဗုံးသီးတွေ ကျဲချ တိုက်ခိုက်ခဲ့ပြီး ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ဒရုန်းဖြင့် […]

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခုကို နစကဥက္ကဋ္ဌနှင့် တရုတ်ဝန်ကြီးချုပ်တို့ တွေ့ဆုံမှုအပြီး လဲလှယ်ခဲ့ကြ

Credit to Popular Journal – တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၇ ခု လဲလှယ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၆ ရက်မွန်းလွဲပိုင်းက ကူမင်းမြို့ရှိ Haigeng Garden Hotel ၌ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Li Qiang တို့ တွေ့ဆုံမှုအပြီးတွင် ပြုလုပ်ခဲ့သည်။ ယင်းတို့တွင် မြန်မာကောင်စစ်ဝန်ရုံး၊ ကူမင်းမြို့နှင့် တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၊ မန္တလေးတို့အကြား မြေနေရာငှားရမ်းခြင်းစာချုပ်၊ သင်တန်းကျောင်းများ အဆင့်မြှင့်တင်ခြင်းစီမံကိန်းများ၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဓာတုဆိုင်ရာ လိုအပ်ချက်များ နှင့် အပင်ပိုးမွှား ရောဂါကင်းရှင်းရေးဆိုင်ရာ သဘောတူညီချက်တို့ပါဝင်သည်။ ထို့အပြင် တိကျစွာတိုင်းတာခြင်းနည်းပညာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် […]

အမ်း-ပဒါန်းလမ်းပိုင်းရှိ စစ်ကောင်စီ ကင်းခန်း ၂ ခုကို တပြိုင်တည်း တိုက်ခိုက်

RNA_နိုဝင်ဘာ(၆)၊၂၀၂၄ခုနှစ်။ မကွေးတိုင်း၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးကျေးရွာထိပ်နှင့် ဘုံတောလမ်းဆုံနှင့် မိုင်တိုင် (၁၁)ရှိ စစ်ကောင်စီ၏ ကင်းစခန်း ၂ ခုကို PRA-Magway၊ အရှိုချင်းကာကွယ်ရေးတပ်နှင့် မင်းဘူးခရိုင်အမှတ် (၂) တပ်ရင်းရဲဘော်များက နိုဝင်ဘာ (၅) ရက်နေ့က တပြိုင်တည်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူများကို နတ်ရေကန်လမ်းဟောင်းအတိုင်း ကား၊ဆိုင်ကယ်များဖြင့် သယ်ထုတ်သွားကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူများအပြင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်းမှ ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်သည့်အတွက် အပြီးသတ်ရှင်းလင်းရေးမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်ဟု PRA-Magwayက ထုတ်ပြန်ထားသည်။ #RedNewsAgency #RNA #REDNEWS Source link

အမ်းမရိတ်စ်အိမ်ပြန်ခရီးအပေါ် ဘယ်လိုခံစားနေရလဲ ပြောပြလိုက်တဲ့ ချာကာ – Official Arsenal Myanmar

ဂရန်းနစ် ချာကာဟာ အမ်းမရိတ်စ်ကနေ ထွက်ခွာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်သွားရမယ့်ပွဲအတွက် ကြိုတင်ပြင်ဆင်နေချိန်မှာ နေ့တိုင်း အဆက်အသွယ်ရှိနေဆဲဖြစ်တဲ့ အာဆင်နယ်အသင်းဖော်ဟောင်း ၃ ဦးက ဘယ်သူတွေလဲဆိုတာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ၇ နှစ်ကြာ ကစားပေးခဲ့တဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ဘွန်ဒက်စ်လီဂါချန်ပီယံတွေ ဖြစ်လာမယ့် ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသငး်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချာကာဟာ ပြီးခဲ့တဲ့ရာသီမှာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၂ လုံးအထိ ထူးထူးခြားခြား ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းအတွက် အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးနိုင်ခဲ့တာကြောင့် အလွန်ကောင်းမွန်တဲ့ အပြောင်းအရွှေ့ဖြစ်ခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်အသင်းဟာ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အတ္တလန္တာအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့်သာ ရှုံးပွဲမရှိစံချိန်နဲ့ ဖလား ၃ လုံးတပြိုင်နက်ဆွတ်ခူးနိုင်တဲ့ ပထမဆုံးသော ဘောလုံးအသင်းဖြစ်လာမယ့်အခွင့်အရေးကို […]