ylliX - Online Advertising Network

ဂျေဂျူးလေယာဉ်မပျ-က်ခင်လေးမိနစ်ခန့်မှတ်တမ်းဘလက်ဘောက်စ်မှာ မတွေ့

ဒီဇင်ဘာလ ၂၉ ရက်‌ေန့က ပျ-က်ကျခဲ့သော ဂျေဂျူးလေကြောင်းလိုင်း လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်ကိရိယာနှင့် လေယာဉ်မှူးခန်း အသံမှတ်တမ်းတင်ကိရိယာ(ဘလက်ဘောက်စ်) များသည် တောင်ကိုရီးယားနိုင်ငံ Muan လေဆိပ်ရှိ ကွန်ကရစ်တံတိုင်းနှင့် လေယာဉ်မတို-က်မိခင် လေးမိနစ်ခန့်စာ မှတ်တမ်းတင်မှု ပြတ်တောက်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားလိုက်သည်။ လူ ၁၇၉ ဦး ‌ေ-သဆုံးခဲ့ပြီး တောင်ကိုရီးယားမြေတွင် ဖြစ်ခဲ့သမျှ၌ အဆိုးဝါးဆုံးဖြစ်သော လေကြောင်းမတော်တဆမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေသည့် အာဏာပိုင်များသည် ဘလက်ဘောက်စ်များ၏ မှတ်တမ်းတင်မှု ရပ်တန့်သွားခဲ့ခြင်း အကြောင်းရင်းကို စစ်ဆေးဖော်ထုတ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပျက်စီးမှုဖြစ်ခဲ့သည့် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာကို အမေရိကသို့ ပို့ဆောင်ကာ အမေရိကန်လေကြောင်းဘေးကင်းရေးအဖွဲ့အစည်းနှင့် ပူးပေါင်း၍ စစ်ဆေးဖော်ထုတ်လျက်ရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ မတော်တဆမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးဟောင်း ဆင်မ်ဂျေးဒွန်က အရေးကြီးသော […]