(၂၃-၁၂-၂၀၂၄ ရက်၊ တိုကျို) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန်စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဂျပန်ဟင်းလျာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Center for Tourism Development (CTD) ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းဒါရိုက်တာ Mr. Chairat Liengkajornkiet တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ဂျပန်ဟင်းလျာချက်ပြုတ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ […]
(၁၉-၁၂-၂၀၂၄ ရက်၊ တိုကျို) ဂျပန်နိုင်ငံ၏ အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (အယ်လ်ဒီပီပါတီ)၏ နာဂိုယာ ပြည်နယ်လွှတ်တော်အမတ်များမှ ကျင်းပသည့် မြန်မာနိုင်ငံဆိုင်ရာ ဟောပြောပို့ချပွဲအား ၁၉-၁၂- ၂၀၂၄ ရက်နေ့ (ကြာသပတေးနေ့)၊ ၁၅၃၀ နာရီတွင် နာဂိုယာမြို့ရှိ အယ်လ်ဒီပီပါတီအစည်း အဝေးခန်းမတွင်… Source link
(၁၈-၁၂-၂၀၂၄ ရက်၊ တိုကျိုမြို့) တိုကျိုမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံကော်မတီ(တိုကျို)၏ လက်ရှိဥက္ကဋ္ဌဖြစ်သော လာအိုနိုင်ငံသံအမတ်ကြီး H.E. Mrs. Phongsamouth ANLAVAN မှ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Shahril Effendi Abd Ghany သို့ အာဆီယံကော်မတီ (တိုကျို) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားနှင့် နေ့လယ်စာစားပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့(ဗုဒ္ဓဟူးနေ့) တွင် တိုကျိုမြို့ရှိ Sunshine Cruise Restaurant တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။ အဆိုပါအခမ်းအနားနှင့်နေ့လယ်စာစားပွဲသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် အာဆီယံ […]
(၂-၁၂-၂၀၂၄ ရက်၊ တိုကျို) နိုင်ငံတကာ အပူပိုင်းဒေသ သစ်ကောင်စီ (International Tropical Timber Council-ITTC) ၏ (၆၀)ကြိမ်မြောက် အစည်းအဝေးနှင့် သက်ဆိုင်ရာကော်မတီများ၏ ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားအား ၂-၁၂-၂၀၂၄ ရက်(တနင်္လာနေ့)၊ ၀၉၃၀ နာရီမှ ၁၀၃၀ နာရီအထိ ယိုကိုဟားမားမြို့ရှိ Conference Centre တွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်သည် ကောင်စီအဖွဲ့ဝင် နိုင်ငံများမှ သံအမတ်ကြီး များ၊ သံတမန်များ၊ သက်ဆိုင်ရာနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတကာ အပူပိုင်းဒေသ သစ်ကောင်စီ (ITTC) ဥက္ကဋ္ဌ Ms. Anna Tyler က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေး၊ သစ်တောနှင့် […]
(၂၈-၁၀-၂၀၂၄ ရက်၊ တိုကျို) ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန် စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ချောင်းသာမြို့၊ Azura Beach Resort ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် အွန်လိုင်းမှ တစ်ဆင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန်နှင့် အာဆီယံ-ဂျပန်စင်တာမှ စီမံကိန်းဒါရိုက်တာ Mr. Chairat Liengkajornkiet တို့က အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ […]