မိုးမခ၊ ဇန်နဝါရီ ၉၊ ၂၀၂၅ KIA က မံစီမြို့ အလုံးစုံ သိမ်းယူ၊ စစ်ကောင်စီရဲ့ မြောက်ပိုင်း မဟာဗျူဟာလမ်းကြောင်း ကချင်ပြည်နယ် အရှေ့ဘက်မြို့တွေ ဖြစ်တဲ့ မံစီနဲ့ ဗန်းမော်မြို့တွေမှာ စစ်ကောင်စီတပ်တွေရဲ့ အခြေစိုက် တပ်ရင်းတွေ နဲ့ မြို့ကို သိမ်းယူဖို့ လတ်တလော KIA ရဲ့ ထိုးစစ်ဆင်မှုမှာ သီတင်းပတ်နဲ့ချီ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီ ၈ ရက်နေ့မှာတော့ KIA လက်နက်ကိုင်တပ်ဖွဲ့က မံစီမြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားကြပါတယ်။ မံစီမြို့ထက် ကြီးတဲ့ ဗန်းမော်မြို့မှာတော့ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ဗန်းမော်မြို့ရဲ့ ရပ်ကွက်နေရာ အများအပြားကို KIA က နေရာယူသိမ်းယူထားပြီးလို့လည်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ မံစီ […]
မြန်မာနွေဦးခရိုနီကယ် – ဒီဇင်ဘာ ၂၀ မြင်ကွင်း မိုးမခ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၄ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု အနည်းငယ်သာကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်ရဲ့ အနာဂတ် နှစ်ပေါင်းရာချီတဲ့ ပဒေသရာဇ်ခေတ်တွေက စပြီး မြန်မာဘုရင်တွေလက်အောက် ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အရှိန်ပြင်းထန်လာတဲ့ လက်နက်ကိုင် ခုခံတော်လှန်မှု၊ ပြည်မက မြန်မာစစ်တပ်ကို ၄င်းတို့ရဲ့ နယ်မြေဒေသတွေကနေ ထွက်ခွာသွားအောင် တိုက်ခိုက်မှုရေစီးမှာ ရခိုင်ပြည်နယ်ဟာလည်း တိုင်းရင်းသား ဒေသတခုအဖြစ် ပါဝင်လာပြီး ၂၀၂၄ ခု ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်ထဲက တခုထည်းသော စစ်တိုင်းဌာနချုပ်ဖြစ်တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ Arakan Armyက သိမ်းယူနိုင်ခဲ့တဲ့အကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ ရခိုင်ပြည်နယ် […]
ရခိုင်ပြည်နယ် အမ်းမြို့အတွင်းက စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစ စ်ဌာနချုပ် နပခ ကို ဒီကနေ့ နေ့လည်ပိုင်းက အာရက္ခတပ်တော်AAဘက်က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ပြီလို့ AAပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို အတည်ပြုပါတယ်။ “ ဟုတ်ကဲ့ပါခင်မျာ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ လည် ၁၂နာရီအချိန်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ တခုလုံးကို ကျနော်တို့ အာရက္ခတပ်တော် AAက အပြီးသတ် သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်” ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းစစ်ဦးစီးနဲ့ ဒုတိုင်းမှူးတို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ အာရက္ခတပ်တော်AAပြောခွင့်ရ ခိုင်သုခကပြောပါတယ်။ “ နပခရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနဲ့ နပခရဲ့ တိုင်းစစ်ဦးစီး ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ ကိုလည်းပဲ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။ တချို့ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တွေကိုတော့ လိုက်လံခြေမှုန်းဖမ်းဆီးလျက်ရှိပါတယ်၊ […]
ဒီဇင်ဘာလ (၁၇) ရက်နေ့ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရဲ့ ပကတိ မြေပြင်အခြေအနေများကို အာရက္ခတပ်တော် AA က ထုတ်ပြန်လာပါတယ်။တိုင်းစစ်ဌာနချုပ်အတွင်းမှ ရာနဲ့ချီသော တပ်အင်အားတွေဟာ အလံဖြူထောင်လာကြတဲ့မြင်ကွင်းတွေနဲ့ မီးလောင်ပျက်စီးသွားတဲ့ နပခဝန်းကြီးရဲ့ မြင်ကွင်းတွေကို ရုပ်သံဖိုင်မှာ တွေ့မြင်ရပါတယ်။အာရက္ခတပ်တော် AA ဟာ စောစောအလံဖြူထောင်ရင် စောစောအသံရှင်ခွင့်ရမှာဖြစ်ကြောင်းလဲ စစ်ကောင်စီတပ်သားတွေကို သတိပေးပြောဆိုထားပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့တစ်ခုလုံးကို AA ထိန်းချုပ်ထားပြီးဖြစ်သလို ၁၇မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။ The post စစ်ကောင်စီရဲ့ နပခကြီးနောက်ဆုံးအခြေအနေ AA ထုတ်ပြန်၊ အလံဖြူထောင်လာသူတွေနဲ့ ပျက်စီးသွားတဲ့ နပခဝန်းမြင်ကွင်းများ first appeared on Voice of Revolution Live News. Source link
ပြည်သူတွေ ဝိုင်းဝန်း Report ထုတာကြောင့် Play Store ကနေ ပျောက်ကွယ်သွားတဲ့ စစ်ကောင်စီရဲ့ MySpace Myanmar Application ဟာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ စတင်ပြီး အသုံးပြုသူတွေ များပြားစေဖို့ ဆွဲဆောင်မှုတွေ လုပ်ဆောင်နေတယ်လို့ နည်းပညာကျွမ်းကျင်သူတွေဆီက သိရပါတယ်။ မြန်မာပြည်တွင်း လူသုံးအများဆုံးဖြစ်တဲ့ Facebook နဲ့ အခြား Social Media တွေကို ပြည်သူတွေ အသုံးမပြုနိုင်အောင် ပိတ်ဆို့မှုတွေ လုပ်ဆောင်ပြီးနောက် စစ်ကောင်စီဟာ MySpace Myanmar Application နဲ့ အစားထိုးဖို့ ပြန်လည်လုပ်ဆောင်လာတာပါ။ “Play store ကနေ ဖြုတ်ချခံရပြီး အခု ဒီဇင်ဘာ ၁ ရက်နေ့မှာ Website ကနေပြန်ပြီးတော့ လည်ပတ်ဖို့ စတင်လာတယ်။ […]
ပြည်သူကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအမှတ်(၃)၊ဗျူဟာ(၃၃)၊ ဒေါနတပ်ရင်းနယ်မြေအတွင်းသို့ စစ်ကောင်စီဘက်မှ တပ်သား(၆)ဦးအလင်းဝင်ရောက်ခဲ့ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ပါတယ်။အလင်းဝင်တပ်သား(၆)ဦးထဲက (၁)ဦးဟာ MA1 (၁)လက် ၊ ကျည်ဘောက်(၃)ဘောက် ၊ ကပစကျည် ၅.၅၆ (၁၆၁)တောင့် နဲ့အတူ အလင်းဝင်ရောက်ခဲ့တာဖြစ်ပြီး ကျန်လူများမှာ စစ်မှုထမ်းစုဆောင်းခံရပြီး ရှေ့တန်းသို့ပို့ဆောင်ခံရတဲ့ တပ်သားသစ်တွေဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူကာကွယ်ရေးတပ်မတော် ဒေါတပ်ရင်းထံ အလင်းဝင်ရောက်သောတပ်သားများမှာ တပ်သားဝေဖြိုး ၊ တပ်သားဖြိုးမင်းအောင် (စစ်မှု့ထမ်းအပတ်စဉ်-၂) ၊ တပ်သားကရင်လေး (စစ်မှု့ထမ်းအပတ်စဉ်-၂)တပ်သားရဲမင်းမောင် (စစ်မှု့ထမ်းအပတ်စဉ် – ၁)၊ တပ်သားသန်းတိုးအောင်(စစ်မှု့ထမ်းအပတ်စဉ် – ၁) ၊ တပ်သားဖြူဖွေး ( စစ်မှု့ထမ်းအပတ်စဉ် – ၁) တို့ဖြစ်တယ်လို့ သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်သားသစ်စုဆောင်းခံရသူတွေဟာ အခုအချိန်မှာ ရှေ့တန်းနယ်တွေမှာ တာဝန်ထမ်းဆောင်နေတာကို မြင်နေတွေ့နေရပြီဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှု့ထမ်းအမိန့်ကြေညာချက်များကြောင့်အတင်းအဓမ္မတပ်သားစုဆောင်းခံရသူများအပါအဝင် […]
မဇ္ဈိမ။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးပြီးလုပ်ဆောင်နေသလို တရုတ်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်တွေထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်ပါတယ်။ လက်ရှိမှာ ရှမ်းမြောက်မှာ တိုက်ပွဲတွေဆက်ရှိနေပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တိုက်ပွဲရှိန်အေးသွားတဲ့အခါ ပြင်းထန်တိုက်ပွဲတွေက ပြည်မဘက်ကို ရွေ့လာနိုင်မလား၊ တိုင်းရင်းသားလက်နက်ကိုင်တွေကရော ပြည်မဘက်က တိုက်ပွဲတွေမှာ ဆက်ပြီး ပါဝင်လာဦးမလား စတဲ့ အချက်တွေကို ဒီတပတ် Editorial Talk အစီအစဉ်မှာ နားဆင်ကြည့်ရှုနိုင်ပါတယ်။ The post “ဗမာလူငယ်တွေကို EAOs တွေက အသုံးချတယ်ဆိုတာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ဆိုက်ဝါးပဲ” (Editorial Talk) appeared first on BUR.MIZZIMA.COM. Source link
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၄ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်၊ စစ်ကောင်စီရဲ့ စစ်ရေး မဟာဗျူဟာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အချို့သော နိုင်ငံရေး စစ်ရေး အကဲခတ် သုံးသပ်သူတွေက ပွင့်လင်းရာသီလို့ ဆိုတဲ့ အခုလို နိုဝင်ဘာလကနေ မိုးရာသီစတင်ဝင်ရောက်တဲ့ မေလ အကုန်ကာလအတွင်း ပိုမိုအရှိန်မြင့်လာနိုင်တယ်လို့ ယေဘုယျအားဖြင့် ခန့်မှန်းပြောဆို လေ့ရှိတာတွေ့ရပါတယ်။ မိုးရာသီကုန်တဲ့အခါ တောတောင်တွေထဲက မြေသားလမ်းတွေ ခြောက်သွေ့သွားချိန် ကားလမ်း၊ ယာယီလမ်းတွေအသုံးပြုနိုင်ပြီဖြစ်လို့ လက်နက်၊ ရိက္ခာတွေ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် သယ်ယူနိုင်တဲ့အချက်ကြောင့် ထိုးစစ်ဆင်တာတွေ၊ ထိုးစစ်ကိုခုခံတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပိုမိုများပြားလာမယ့် သဘောမျိုး ဆိုလိုကြတာ ဖြစ်ပါတယ်။ အရင့်အရင် ဆယ်စုနှစ် ၂ ခု […]
နေပြည်တော်အနီး လယ်ဝေးမြို့နယ်အတွင်းကို နိုဝင်ဘာလ ၅ ရက်နေ့မနက်က fix wing ဒရုန်းတွေဝင်ရောက်လာနိုင်ပြီး ပစ်ချထားနိုင်ခဲ့တယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ပါတယ်နိုဝင်ဘာလ ၅ ရက်နေ့မနက်မှာ Fixed Wing တွေ ဝင်ရောက်ပျံသန်းလာပြီး ၃ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ စစ်ကောင်စီသတင်းများက ဆိုပါတယ်။ ပစ်ချပြီးနောက်မှာတော့ လယ်ဝေးမြို့နယ် ကြောင်ရေရွာ ကြံခင်းစု နနွင်းအိုင် စတဲ့ရွာများအနီးမှာ ဗုံးသီးများနဲ့အတူ ရှာဖွေတွေ့ခဲ့ကြောင်း ဗုန်းသီးတွေကို ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီသတင်းများက ဆိုပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အာဏာသိမ်းအုပ်စုရဲ့ အရေးပါတဲ့ နယ်မြေများကို ရှိသမျှလက်နက်အင်အား၊ နည်းပညာစွမ်းအားနဲ့ ထိုးဖောက်တိုက်ခိုက်ဖို့ အမြဲတမ်းကြိုးစားနေကြပါတယ်။နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၃၅ မိနစ်အချိန်တွင်လည်း ရန်ကုန်၊ မင်္ဂလာဒုံလေတပ်သို့ ရှော့တိုက်ဒုံး ပစ်ခတ်သံနှင့်အတူ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ […]
(မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၂၄ MNDAA တပ် ခေါင်းဆောင်ရဲ့ တရုတ်ပြည် တွေ့ဆုံမှု၊ စစ်ကောင်စီရဲ့ လားရှိုးပြန်ယူဖို့ ရည်မှန်းချက် ၁၀၂၇ စစ်ဆင်ရေး လို့ အမည်ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ရဲ့တပြိုင်နက်ထည်း ထိုးစစ်ဆင်တိုက်ခိုက်မှု တနှစ်တင်းတင်းပြည့်ချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းက အုပ်ချုပ်ရေးအခြေစိုက်ရာမြို့၊ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေးမြို့ပြီးနောက် အချက်အချာ အကျဆုံးမြို့၊ နယ်စပ်ကုန်သွယ်ရေး တင်မက၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ပြည်သူ့စစ် လို့အမည်ပေးထားတဲ့ ဒေသအလိုက် လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ပေါ်ထင်ထင် တဖုံ၊ တိတ်တဆိတ် ဝင်ထွက်သွားလာတဲ့ မြို့ဖြစ်တဲ့ လားရှိုးမြို့ကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ တွေ့ရမှာဖြစ်ပါတယ်။ လားရှိုးမြို့နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို […]