ylliX - Online Advertising Network

မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံး

RNA_ဇန်နဝါရီ(၈)၊ ၂၀၂၅ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ဒီဇင်ဘာ (၇) ရက်နေ့က တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြိုင် ပကဖ ထံမှ သိရသည်။ ပခုက္ကူ -မြစ်ခြေလမ်းခွဲ အရှေ့ဖက် ကောင်းစက်ဝိုင်ဆီဆိုင်အနီးတွင် ယမန့်နေ့ နံနက် ၉ နာရီခန့်က အောင်သာပျူရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့ အစည်းအဝေးသွားသော အင်အား (၁၁) ဦးပါ ယာဉ်ကို အသင့်စောင်းဆိုင်းပြီး တိုက်ခိုက်ရာ အောင်သာရွာပျူ ဒုခေါင်းဆာင် နိုင်ဝင်းနှင့် ၁၀၁ စစ်ခွေးပျူသင်တန်းဆရာအပါအဝင် (၈) ဦးသေဆုံးပြီး ယာဉ်တိမ်းမှောက်သွားသော်လည်း စစ်ကူများရောက်လာခြင်းနှင့် တပ်မ ၁၀၁ မှ ကရိန်းကားဖြင့် သယ်ဆောင်သွားသည့်အတွက် ဆုတ်ပေးခဲ့ရသည်ဟု သိရသည်။ […]

အမ်းမြို့တွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၉၀) ခန့် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ရှိ စစ်ကြောင်း (၂) ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၁၅၀၀ ခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။ စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ (၃) ရက်အတွင်း အလင်းဝင်လာသူများနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ (၃) ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ (၁၇) ဦးဖမ်းဆီးရမိကြောင်း၊ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေနေသည်ဟု […]

စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက် အောက်ခံ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေ – Khit Thit Media

ရန်ကုန်၊ အောက်တိုဘာ ၃၁ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်ပြည်နယ် အထူးဒေသ ၁ လက်အောက်ခံ အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်နေကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၃၀ ရက်နေ့ ညပိုင်းမှစတင်ပြီး ဖီမော်မြို့အနီးတွင် တည်ရှိနေသော အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်း တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိလည်း ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ပြီး တိုက်ပွဲဖြစ်နေဆဲဖြစ်ကြောင်း၊ ဖီမော်ဘက်မှ ဒေသပြည်သူများ စစ်ဘေးရှောင်နေကြပြီဟု သိရှိရကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။ “အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်စခန်းက ဖီမော်ဘက်မှာရှိနေတာ။ အဲဒါကလည်း တရုတ်နယ်စပ်မြို့ပဲ။ NDAK […]