အာဆီယံချန်ပီယံရှစ် မစ်ဆူဘီရှီဖလား ပြိုင်ပွဲ မြန်မာ-အင်ဒိုနီးရှား ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်း ဒီဇင်ဘာ (၉)ရက် ည(၇) နာရီအချိန်တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ၊ ပွဲစဉ်အပြီး ပရိတ်သတ်များ မြို့နယ်များအလိုက် အိမ်ပြန်ခရီးအတွက် မော်တော် ယာဉ် အစီးရေ (၇၅)စီး စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။ ပွဲကြည့်ပရိတ်သတ်များ အပြန်ခရီးအတွက် ယာဉ်များစီစဉ်ပေးရာ၌ အုပ်စု (၅)စု သတ်မှတ်ထားကာ အုပ်စု(၁) အနေဖြင့် ဘောလုံးကွင်း -ကျောက်တိုင်-သာကေတ- ဆူးလေးခရီးစဉ်အတွက် (၁၅) စီး၊ အုပ်စု(၂)ဘောလုံးကွင်း -စံပြဈေး- ဘေလီ-ပင်လုံ-ပြည်ထောင်စုလမ်း- ၇/၈ လမ်းဆုံ- ဒဂုံတက္ကသိုလ်(၁၅)စီး စီစဉ်ထားရှိသည်။ ထို့အတူ အုပ်စု (၃)ဘောလုံးကွင်း- တောင်မြောက်လမ်းဆုံ-လှော်ကားလမ်း- ၇၁ ဂိတ်ဆုံး(၁၅)စီး၊ အုပ်စု (၄) ဘောလုံးကွင်း -ဝေဇယန္တာ လမ်းအတိုင်း- ခြောက်ကွေ့-အဝေးပြေး […]
Credit to Popular Journal – မြန်မာ့မီးရထားအနေဖြင့် ခေတ်မီလေအေးပေးစက်ပါ (DEMU) ရထားတွဲဆိုင်းများ အသုံးပြုပြေးဆွဲပေးနေသည့် ရန်ကုန် – ပဲခူး ခရီးစဉ်ကို လိုက်ပါစီးနင်းသည့် ခရီးသည်များ အတက်အဆင်း အန္တရာယ်မရှိစေဘဲ အဆင်ပြေစေရန် ဘူတာများ၌ လက်တန်းပါ သံလှေကားများ စီစဉ်ထားရှိကြောင်း သိရသည်။ မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေး ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများ ပြေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ပဲခူးမြို့တွင်းနှင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာ စီးနင်းနိုင်မှုကြောင့် ရထားစီး ခရီးသည် စီးနင်းမှုများပြားလျက်ရှိကြောင်း သိရသည်။ အဆိုပါ DEMU ရထားတွဲဆိုင်းများ ပြေးဆွဲသည့် လမ်းခရီးတလျှောက်ရှိ ဘူတာ(၁၂)ခု၌ လက်တန်းပါ သံလှေကားများ ပြုလုပ်တပ်ဆင်ပေးထားပြီး ရထား ဆိုက်ရောက်/ထွက်ခွာချိန်များ၌ […]