ylliX - Online Advertising Network

သပိတ်ကျင်းတွင် တိုက်ပွဲဆက်နေ၊ တွင်းငယ်ရွာအနီး စစ်တပ်ထိုးစစ်ဆင် – Myanmar Now

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ လက်ကျန် စစ်ကောင်စီတပ် ၃ တပ်နေရာများတွင် တိုက်ပွဲများနေ့စဉ် ဖြစ်ပွားလျက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်က တွင်းငယ်ရွာအနီး တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ပြောသည်။ မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှ အိမ်ခြေ တစ်ထောင်ကျော်ရှိသည့် တိုက်နယ်ရွာကြီးဖြစ်သည့် ထိုရွာကို ဒီဇင်ဘာလဆန်း၌ နေရာပြန်ရယူထားသည့် စစ်တပ်က ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း သိရ သည်။  ဒီဇင်ဘာ ၃၁ ရက် နှစ်ကူးနေ့တွင် စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ပြန်လည်၍ မြေပြင် ထိုးစစ် ဆင်ခဲ့သည်ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Myanmar Now ကို ပြောသည်။ “၃၁ ရက်နေ့ မနက်အစောကြီးကတည်းက သူတို့ လာတိုက်တယ်။ အင်အားအလုံးအရင်းနဲ့ သူတို့ ရှေ့ကို […]

မိုးမောက်မြို့ကိုပြန်သိမ်းရန်  ဒရုန်းအများအပြားသုံးပြီး စစ်တပ်ထိုးစစ်ဆင် – Myanmar Now

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်တောင်ပိုင်းရှိ  မိုးမောက်မြို့၊ အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းတို့ကို ပြန်သိမ်းရန် စစ်ကောင်စီက ဒရုန်းအများအပြားသုံးကာ ထိုးစစ်ဆင်နေသည်ဟု သိရသည်။ ဗန်းမော်မြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် မိုးမောက်မြို့ကို ယခုနှစ် မေလမှစတင်ကာ KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)များက တိုက်ခိုက်ကာ ၄ လခန့် အကြာတွင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။  ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်က အမှတ် (၃၄၇) ခြေမြန်တပ်ရင်းစခန်းကို ပြန်ရလိုသဖြင့် အဓိက အားပြုသည်မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်သည်၊  လက်နက်ကြီးပစ်ကူနှင့်  ဒရုန်းများကိုပါ အများအပြား အသုံးပြုပြီး ဗုံးကြဲနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “နောက် ဒရုန်းက တိုက်ပွဲပြင်းထန်တဲ့နေ့တွေဆို တစ်ခါသုံးရင် ဒရုန်းအလုံးတစ်ဆယ်ကျော် ဗုံးလာကြဲတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ […]