ylliX - Online Advertising Network

အမ်းမြို့တွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၉၀) ခန့် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ရှိ စစ်ကြောင်း (၂) ကြောင်းအား အမ်း-ပဒါန်း လမ်းမအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်အနောက်ဘက် မီတာ ၁၅၀၀ ခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခံရပြီး (၁၇) ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။ စစ်ရှုံးထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများကို ချင်းကာကွယ်ရေးတပ် – အရှို (CDF-Asho) ရဲဘော်များက ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ (၃) ရက်အတွင်း အလင်းဝင်လာသူများနှင့် ဖမ်းဆီးရမိသူများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ (၃) ရက်အတွင်း စစ်ကောင်စီလက်အောက်ခံ (၁၇) ဦးဖမ်းဆီးရမိကြောင်း၊ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေနေသည်ဟု […]

ရပ်စောက်မြို့နယ် ကျောက်ဂူဒေသ တိုက်ပွဲပြင်းထန် 

ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ စစ်ကောင်စီနဲ့ ဓနုအမျိုးသား ပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF အကြား ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတဦးသေဆုံး နေအိမ် အဆောက်အဦတွေ ပျက်ဆီးခဲ့တယ်လို့ DPLF ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။ ရန်ကုန်ဘက်က သတင်းပေးပို့ ထားပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်း ရပ်စောက်မြို့နယ်ဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်နဲ့ ရှမ်းတောင်ကို ဆက်သွယ်ရာမှာ အဓိကကျတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော်က ဗမာပြည်ကွန်မြူနစ်ပါတီ စိုးမိုးလှုပ်ရှားခဲ့တဲ့ ဒေသလို့ ပြောရမှာပါ။ အခုအခါမှာတော့ ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေသလို […]

မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရမှု ပြည်သူ (၉) ဦးသေဆုံး

RNA_နိုဝင်ဘာ (၁၂)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)အတွင်း တအာင်းတပ်မတော် TNLA နှင့် မဟာမိတ်များက ဇွန်လိုင်လ (၂၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့သည့် အတွက် ဒေသခံပြည်သူ (၉)ဦးသေဆုံးပြီး ကလေးငယ် (၁) ဦးအပါအဝင် (၁၃) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီတပ်မှ နိုဝင်ဘာလ (၁၁) ရက်နေ့ ညသန်းခေါင်ယံအချိန်တွင်ဂျက်ဖိုက်တာဖြင့် မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်တွင် ဗုံး (၃) လုံးနှင့် အနောက်ပိုင်း မြို့ဦးလွင်အနီးတွင် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အရှေ့ပိုင်းတွင် ဒေသခံ (၄) ဦးသေဆုံးပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အနောက်ပိုင်း ဒေသခံ (၅) ဦး သေဆုံးပြီး ဒေသခံ […]