(မိုးမခ) ဇန်နဝါရီ ၁၈ ၊ ၂၀၂၅ လူရာဝင်ချင်ရင် စာဖတ်ရမယ်။ စာရေးရမယ်လို့ ဆရာမောင်သာနိုးက ပြောဖူး၊ ရေးဖူးပါတယ်။ လူရာဝင်ဖို့ စာရေးရမယ်လို့ ဆရာစွမ်းကလည်း ပြောဖူးပါတယ်။ အဓိကတော့ စာရေးတဲ့သူပဲဖြစ်ဖြစ်၊ စာမရေးတဲ့သူပဲ ဖြစ်ဖြစ် စာဖတ်ရမယ်။ စာမဖတ်ရင် လူဟာ လူတုံး ဖြစ်သွားတတ်တယ်။ ဆရာမြသန်းတင့်က စာမဖတ်ဘဲ စာရေးတဲ့သူနဲ့ စာတွေဖတ်ပြီး စာမရေးတဲ့သူတို့ဟာ “အကန်းနှင့် အမြုံ” တူကြောင်း ရေးဖူးပါတယ်။ စာဖတ်တယ် ဆိုတာ ပေါက်တတ်ကရစာတွေ ဖတ်ရင်တော့ လူတောမတိုးနိုင်ဘဲ ရှိပါလိမ့်မယ်။ အချို့က သတင်းစာကလွဲ၍ ဘာစာမှပဲ မဖတ်တဲ့လူ ရှိတယ်။ ထိုလူဟာ တစ်ဖက်နားပေါက်တဲ့သူဖြစ်သွားတတ်ပါတယ်။ သတင်းစာမှာ အစိုးရထုတ်တဲ့ သတင်းစာကိုပဲ ဖတ်တဲ့လူဟာ ကျွဲပါးစောင်းတီးသလိုပဲ ဖြစ်မယ်။ စာဖတ်ချင်တဲ့သူဟာ စာကြည့်တိုက်ကို သွားရပါမယ်။ […]