နေပြည်တော်၊ ဇန်နဝါရီ ၁၀ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Denis BAKEI ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့ပူးပေါင်း၍ ကင်ဆာ၊ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာဆေးဝါးများ၊ မျက်စဉ်းဆေးများ ပူးပေါင်းထုတ်လုပ်နိုင်ရေးကိစ္စရပ်များ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကြွေထည်ပစ္စည်းထုတ်လုပ်ခြင်း၊ ရော်ဘာနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ခြင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ စက်မှု ဝန်ကြီးဌာနရှိ ဝန်ထမ်းများ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ သင်တန်းများစေလွှတ်ရေးနှင့် လေ့ကျင့်သင်ကြား ပေးရေးကိစ္စရပ်များနှင့် အဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ တွေ့ဆုံပွဲ စက်မှုဝန်ကြီးဌာနမှ […]
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက စုပေါင်းဆောင်ရွက်ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များက စတင် ဖွင့်လှစ်ပေးပြီးနောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ကျော်တို့က ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ စုရပ်မှ စတင်ကာ မေယုလမ်းတစ်လျှောက် ထိုမှတစ်ဆင့် သတ္တဌာနလမ်းမှ စစ်တွေမြို့ ဓညဝတီအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပြီး အားကစားကွင်း ပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝင်းအတွင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် သူရိယစန္ဒာဝင်းကုမ္ပဏီတို့က ရခိုင်ပြည်နယ်ရှိ ဝန်ထမ်းများ အတွက် ဆန်၊ ဆီ၊ ပဲနှင့် ဆားများကို ပေးအပ်ချီးမြှင့်ကြပြီး […]
ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇိမ်ခံရွက်လှေတစ်စီးပေါ်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံမှုအားကောင်း ခိုင်မာရေး၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနှင့် ထိုင်းတောင်ပိုင်းဒေသ ငြိမ်းချမ်းမှုပြန်လည်ရရှိရေးအပါအဝင် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ သက်ဆင်ကို မစ္စတာအန်ဝါ၏ အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ သောကြာနေ့က Thai Rath သတင်းစာ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးဝန်ကြီးဟောင်း Thamanat Prompow နှင့်အတူ ဗုဒ္ဓဟူးနေ့က ဖူးခက်မှ Satun ပြည်နယ် Koh Lipe သို့ သူ ရွက်လှေစီးခဲ့သည်ဟု သက်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ နောက်နေ့မနက်ပိုင်းတွင် သူသည် ကျွန်းပေါ်ရှိ Bulow Casa Grand View […]
မကွေ၊ ဒီဇင်ဘာ ၂၃ မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ်လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယနေ့နံနက် ၉ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်(၃)ပြီ၊ ဆီ(၁)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများသည် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား တိုင်းပြည်သူ့ဆေးရုံကြီး အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသဆောင်ရွက်နေမှုအား လှည်လည်ကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသူ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးနဲ့ပေါင်းစပ်ပြီး တိုင်းဒေသကြီးအတွင်း ပြည်သူလူထုတွေ အကျိုးရှိမယ့် လုပ်ငန်းတွေကို စဉ်ဆက်မပြတ်ထောင့်စေ့အောင် ကြိုးစားစီမံပေးလျက်ရှိကြောင်းနှင့် […]
ဆီးရီးယားနိုင်ငံအတွင်း ခပ်မြန်မြန် ပြောင်းလဲလာနေတဲ့ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တိုင်ပင် ဆွေးနွေးကြဖို့ အတွက် ဆီးရီးယား၊ အီရန်နဲ့ အီရတ်နိုင်ငံခြားရေး ဝန်ကြီးတွေ အီရတ်နိုင်ငံ Baghdad မြို့တော်မှာ သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ HTS လို့ အတိုကောက်ခေါ်တဲ့ အစ္စလာမ်မစ် ဂျီဟက်အဖွဲ့ Hayat Tahrir al-Sham အဖွဲ့ ဦးဆောင်တဲ့ သူပုန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံတွင်းက မြို့တွေ၊ ရွာတွေကို ပြီးခဲ့တဲ့တပတ်လုံး တိုက်ခိုက် သိမ်းယူခဲ့ကြပြီးတဲ့နောက် မြို့တော် Damascus နဲ့ Homs မြို့ကြီးတွေအထိ ဆက်လက် ချီတက် သိမ်းယူသွားမယ်လို့ ကြွေးကြော်ထားပါတယ်။ ဒီအခြေအနေအပေါ်အထူး စိုးရိမ်ကြောင်းနဲ့ အနီးကပ် စောင့်ကြည့်နေတဲ့အကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီး Fuad Hussein က ပြောပါတယ်။ တချိန်တည်းမှာလည်း […]
မိုင်းယုမြို့၌ “နိုင်ငံ့စီးပွားတိုးတက်ဖို့ MSME အားပေးစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေး | Ministry Of Information Skip to main content Breadcrumb Home / မိုင်းယုမြို့၌ “နိုင်ငံ့စီးပွားတိုးတက်ဖို့ MSME အားပေးစို့” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေး Source link
မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေး မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက ချုံချင့်မြူနီစီပယ်အစိုးရ စီးပွားရေးရာကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu အား ဒီဇင်ဘာ (၄) ရက်က ချုံချင့်မြို့၊ စီးပွားရေးရာကော်မရှင်ရုံး၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ချုံချင့်မြူနီစီပယ်မြို့အစိုးရ စီးပွားရောရာကော်မရှင်တို့အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ Source link
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia အား ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပြီး ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် ၂၉ ဇုန်နှင့် သီလဝါအထူးစီးပွားရေး ဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ဘာသာရေးနှင့် ယဉ်ကျေးမှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ လန်ချန်း – မဲခေါင် ကဏ္ဍ၊ ရန်ကုန် -ယူနန်ဆက်ဆံရေးကဏ္ဍ၊ တရုတ်-မြန်မာညီအစ်မမြို့တော်ထူထောင် ခြင်းကဏ္ဍများ၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ၊ ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ချစ်ကြည်ရေးထူထောင်သည့် (၇၄)နှစ်မြောက်ဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် (၇၅)နှစ် မြောက် စိန်ရတုရောက်ရှိတော့မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့ […]
စစ်တွေ၊ နိုဝင်ဘာ ၁၉ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဥက္ကဋ္ဌ စောမြရာဇာလင်းသည် အိန္ဒိယခရီးစဉ်မှအပြန် ရခိုင်ပြည်သို့ သွားရောက်ကာ အခက်အခဲကြုံတွေ့နေကြရသေ ာစစ်တွေအခြေစိုက် ရခိုင်၊ မူဆလင်၊ မာရာမာကြီးတို့နှင့်နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ရက်အထိ သီးခြားစီခွဲ၍ တွေ့ဆုံကာ ရခိုင်လူထု ခံစားနေကြရသော စစ်၏အနိဋ္ဌာရုံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၏ တပ်မှူး/တပ်ဗိုလ်များနှင့် နိုဝင်ဘာလ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ တပ်မှူး/တပ်ဗိုလ်များနှင့် တရင်းတနှီးဆွေးနွေးကြကာ ပါတီဆက်လက်လျှောက်လှမ်းမည့် နိုင်ငံရေးရည်မှန်းချက်များနှင့် ရခိုင်ပြည်နယ်တည်ငြိမ်းအေးချမ်းရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းသိရသည်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ သည်NCA လက်မှတ်ရေထိုးထားသည့် ကတိအတိုင်မှန်ကန်စွာလျှောက်လှမ်းနေပြီး သွေးထွက်သံယိုဖြစ်စေမည့်ကိစ္စများကို မလုပ်ဆောင်ဘဲ နိုင်ငံရေးကို နိုင်ငံရေးဆွေးနွေးမှုဖြင့် အဖြေရှာနိုင်စေရေးကို ပါတီခေါင်းဆောင်များ/ တပ်မှူး/ တပ်ဗိုလ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ Join – […]
အာဆီယံနိုင်ငံများနှင့် အိမ်ရှင်နိုင်ငံတို့အကြား ဆက်ဆံရေး တိုးမြှင့်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ အာဆီယံကိုင်ရိုကော်မတီ၏ (၂၇၅) ကြိမ်မြောက် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံကိုင်ရိုကော်မတီ (ASEAN CAIRO COMMITTEE – ACC) ၏ (၂၇၅) ကြိမ်မြောက် သံရုံးအကြီးအကဲများ အစည်းအဝေးကို ကိုင်ရိုမြို့ရှိ Conrad Hotel ၌ နိုဝင်ဘာ (၁၈)ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်မှ အခြားသော အာဆီယံ သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် အာဆီယံကိုင်ရိုကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူ သံအမတ်ကြီးမှ အစည်းအဝေးသဘာပတိအဖြစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ကိုင်ရိုကော်မတီ၏ လှုပ်ရှားဆောင်ရွက်ခဲ့သည့် အစီအစဉ်များ၊ […]