တရုတ်နိုင်ငံသားတွေ အနေနဲ့ “လစာ အများအပြားနဲ့ နိုင်ငံရပ်ခြား အလုပ်ခေါ်ယူ လိမ်လည်လှည့်ဖြားမှုတွေကို သတိထားဖို့နဲ့ လေယာဥ်၊ အစားအသောက်နဲ့ နေထိုင် စရိတ် ကုန်ကျခံပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ကြော်ငြာတာမျိုးတွေကို မယုံကြည်ကြဖို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက တရုတ်သံရုံးတွေက သတိပေးချက် ထုတ်ပြန်ကြောင်း တရုတ် အစိုးရသတင်းစာ Global Times မှာ စနေနေ့က ဖော်ပြပါတယ်။ ဒီလိုကမ်းလှမ်းမှုတွေက ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်းတွေကို ဖြားယောင်းတဲ့ ထောင်ချောက်တွေ ဖြစ်နိုင်ပြီး လူတွေရဲ့ အသက်၊ လုံခြုံရေးနဲ့ ပစ္စည်းဥစ္စာတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ တရားဝင် WeChat စာမျက်နှာမှာလည်း သောကြာနေ့ညနေပိုင်းက ထုတ်ပြန်ပါတယ်။ ဆိုရှယ်မီဒီယာတွေပေါ်မှာ “လစာမြင့် ပြည်ပအလုပ်အကိုင်ကမ်းလှမ်းမှုတွေ” နဲ့ သွေးဆောင်ခံရပြီးနောက် တရုတ်နိုင်ငံသားအများအပြားဟာ မကြာသေးမီက အကူအညီတောင်းခံခဲ့ကြောင်း […]