သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တက္ကသိုလ်အနီးရှိ ဆိုင်ခန်းများကို စစ်ကောင်စီလက်အောက်ခံ လမ်းဉီးစီးဌာနက ဖယ်ရှားခိုင်းနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ -ဟမ်းဆီး -နောင်ယာဆိုင်းလမ်းအား ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းစေနိုင်ရန်အတွက် လမ်းနယ်နိမိတ်အတွင်း ရေမြောင်းနှင့် လမ်းပုခုံးပေါ်ရှိ ဈေးဆိုင်များအားလုံးကို ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမရှိပါက လမ်းမကြီးဥပဒေနှင့်အညီ အရေးယူမည်ဟု လမ်းဦးစီးဌနမှ ဒီဇင်ဘာလ (၄)ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ “ အဲ့တက္ကသိုလ်အနီးရှိ စျေးဆိုင်တွေက နှစ် (၂၀)ဝန်းကျင်လောက်ရှိပြီး စျေးရောင်းနေတာ။ အဲ့လူတွေ အလုပ်လက်မဲ့ဖြစ်သွားနိုင်တယ်” ဟု တောင်ကြီးမြို့ခံ တစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုတက္ကသိုလ်အနီးရှိ ဆိုင်ခန်းများသည် တက္ကသိုလ်တက်ရောက်နေသည့်ကျောင်းသားများ အားထားရသည့် စားသောက်ဆိုင်များဖြစ်ကြောင်း၊ ထိုဆိုင်ခန်းများဖျက်လိုက်ပါက တောင်ကြီးမြို့ထဲသို့ဝေးဝေးလံလံ သွားစားသောက်ရမည်ဖြစ်သဖြင့် ခက်ခဲသွားနိုင်ကြောင်း ၎င်း ကဆိုသည်။ ထို့အပြင် တောင်ကြီးမြို့ လမ်းဘေး ဝဲ/ယာ ရှိ နေအိမ်များကို ဆေးသုတ်ထားရန် […]