Art by Than Htay Maung ကျီးကန်း တပ်ဦးလ (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၅ သားကိုမရလို့ အဖေကိုဖမ်းပြီး ထောင်ချခဲ့တဲ့ သင်ရိုးညွှန်းတမ်းမှာ မင်းဟာ ၄၀ မမ မင်းဟာ ရှော့တိုက်ဒုံးကျည် မင်းဟာ အဝေးပစ်လောင်ချာ မင်းဟာ နွေဦးသူရဲကောင်း အမည် ဗိုလ်ကျီးကန်း ဗိသနိုးကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ထင်ရှားတဲ့အမှတ်အသား ကဗျာဆရာ ဇ ရှိတယ် လ ရှိတယ် မြို့သစ် အသံတိတ်နေလို့ ရှောင်ထွက်သွားတယ် မထင်ပါနဲ့ လမ်းညွှန်ဆိုင်းဘုတ်မှာ မျက်ရည်ချိတ်ထားတယ် မင်းလွမ်းသလောက် ဝင်လာခဲ့ မြို့သစ်ကဗျာကို မြို့သစ်မှာရခဲ့တာညီ ဒီကဗျာဟာ ဗိုလ်ကျီးကန်းပါ ဒီကဗျာဟာ ဇျာန်ယောကြည်ပါ ဒီကဗျာဟာ တော်လှန်ကဗျာဆရာတစ်ယောက်အတွက် နာလို့အော်တာပါ ဆာလောင်မှုတိုင်းက အလွမ်းမပါခဲ့ရင် ဒဏ်ရာတွေဟာ အလိုလိုနာကျင်တတ်ပါ့မလားညီ အဲ့သလို […]