ylliX - Online Advertising Network

MNDAA တဖက်သတ် အပစ်ရပ်ကြေညာ

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအောက်မှာ ‌နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး၊ ဒီဇင်ဘာလ ၃ ရက်နေ့ကစလို့ တဖက်သတ်အပစ်အခတ်ရပ်စဲမယ်လို့ MNDAA ကိုးကန့်တပ်က ကြေညာပါတယ်။ စစ်ကောင်စီတပ်တွေကို အစပြု တိုက်ခိုက်မှာမဟုတ်သလို၊ စစ်ကောင်စီဘက်ကလည်း ဝေဟင်နဲ့ မြေပြင်ထိုးစစ်တွေကို ရပ်စဲပေးရမယ်လို့လည်း MNDAA က တောင်းဆိုပါတယ်။ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အဆင်မြင့်ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး နှစ်ဖက် ပဋိပက္ခအမြင်ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုတော့ ကိုင်စွဲထားမယ်လို့ MNDAA က ထုတ်ပြန်ပါတယ်။ MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်မြောက်ပိုင်း မြို့အတော်များများကို ထိန်းချုပ်ထားတာပါ။ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကိုလည်း MNDAA တပ်တွေ ထိန်းချုပ်ထားပြီး၊ စစ်ကောင်စီဘက်ကတော့ အဲဒီဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ တရုတ်နိုင်ငံကတော့ ရှမ်းမြောက်ဒေသ […]

မိုင်းကိုင်မြို့နယ် SSPP တပ်စခန်းကို RCSS တိုက်ခိုက်ဟု SSPP တဖက်သတ် ထုတ်ပြန်လာ

သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက် ၅ နာရီခွဲတွင် RCSS စစ်ကြောင်း ၂ ကြောင်း မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲ ကျေးရွာအနီး SSPP/SSA တပ်စခန်းငယ် ၂ ခုကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်သား ၄ ဦးအား ဖမ်းဆီးသွားကာ ဆိုင်ကယ် ၄ စီး၊ ကားတစ်စီး အပါအဝင် စခန်းကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်းဆိုသည်။ […]