ရန်ကုန်၊ ဇန်နဝါရီ ၁၁ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဉက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၀၉ ၄၅ အချိန်တွင် သံလွင်လမ်းရှိ ပါတီဌာနချုပ်(ရန်ကုန်ရုံးခွဲ)၌ ကျင်းပပြုလုပ်သော ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲသို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီဉက္ကဋ္ဌ ဦးခင်မောင်စိုးနှင့်အတူ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ပါတီဉက္ကဋ္ဌ ဦးခင်ရီမှ အဖွင့်အမှာစကား ပြောကြားရာ “ယနေ့အခမ်းအနားကို တက်ရောက်ပေးကြတဲ့ ဘာသာ ပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဉက္ကဋ္ဌအပါအဝင် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုးကွယ်ရာဘာသာအသီးသီးရဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိကြတဲ့သူတွေကို အခုလို စည်းစည်းလုံးလုံးနဲ့တွေ့ရတဲ့အတွက် ဝမ်းသာပါကြောင်း၊ ကိုယ်ယုံကြည်ရာ ဘာသာတရားတွေကို လွတ်လပ်စွာ ကိုးကွယ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဉပဒေမှာလည်း အတိအလင်းဖော်ပြထားတဲ့ နိုင်ငံဖြစ်ကြောင်း၊ မိမိအနေနဲ့ ယခုလိုတွေ့ဆုံရခြင်းသည် ပါတီနိုင်ငံရေးကိစ္စများအတွက် မဟုတ်ပဲ […]
နေပြည်တော် နိုဝင်ဘာ ၆ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ဆုချီးမြှင့်ပွဲအခမ်းအနား နှင့် ပိတ်ပွဲအခမ်းအနားတို့တွင် ဧည့်ခံကျွေးမွေးရေးကိစ္စရပ်များ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟိုတယ် များမှတာဝန်ရှိသူများ တက်ရောက် ကြသည်။ အစည်းအဝေးတွင် ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အောင်မြင်စွာကျင်းပ နိုင်ရေး၊ တည်းခိုနေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အခမ်းအနားများသို့ တက်ရောက်လာကြ မည့် ဧည့်သည်များကို ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သော အစားအစာများဖြင့် တည်ခင်းဧည့်ခံနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများ ကူးစက်ရောဂါကင်းရှင်းရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များ ကို လိုက်နာဆောင်ရွက်ကြရမည် ဖြစ်သည့်အပြင်လုံခြုံရေးကိစ္စကို အထူးဂရုပြုဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။ […]