ရိုက်ကူးရေး ဗီဒီယိုဖိုင်ကိုအသုံးပြုပြီး စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ကာ ထိခိုက်သေဆုံးမှုများသည်ဟု သတင်းအမှား ဖြန့်ချိနေသည် စစ်ကောင်စီအာပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “Thazin Oo”ချန်နယ်လ်မှ နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး ရိုက်ကူးရေး ဗီဒီယိုဖိုင်နှင့်အတူ ဖြန့်ချိခဲ့သည်။ သတင်းအမှားဖြန့်ချိသူ ဗီဒီယိုဖိုင်တွင် “ဒီဗီဒီယိုကို ကြည့်ရသလောက်တော့ တပ်မတော်စခန်းကုန်းတစ်ခုကို PDF တွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ MNDAA သော်လည်းကောင်း၊ TNLA သော်လည်းကောင်း၊ AA သော်လည်းကောင်း အဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတဲ့အဖွဲ့တစ်ခုကနေပြီးတော့ တပ်မတော်စခန်းကုန်းတစ်ခုကို လာတိုက်တဲ့ဗီဒီယိုဖိုင်မှတ်တမ်းဖြစ်ဖို့များတယ် ယူဆပါတယ်။ အဲ့ကြောင့် သေချာပေါက် ဗီဒီယိုဖိုင်ထဲက သေကြေသွားတဲ့သူတွေဟာ PDF ဖြစ်ဖို့များတယ်” ဟု (မူရင်းအတိုင်း) အမျိုးသမီးတစ်ဦးက ပြောဆိုထားသည်။ ထိုသတင်းအမှားကို ကြည့်ရှုသူပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး […]