ylliX - Online Advertising Network

ထူးခြားသည့်ဘုံကထိန်အလှူဒါန | Myawady Webportal

  ထူးခြားသည့်ဘုံကထိန်အလှူဒါန   အယ်ဒီတာ့အာဘော် (၂ဝ၂၄  ခုနှစ်၊ နိုဝင်ဘာ   ၁၃  ရက်) မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များနှင့်ပတ်သက်၍ ရှေးစာဆိုရှင်များ သီကုံးဖွဲ့ဆိုထားသော စာပေများကား လွန်စွာများပြားလှသည်။ ကိုယ့်အရှင်ကိုယ့်သခင်နှင့် နေထိုင်ရသောကာလများမို့ မြန်မာတို့၏ စာပေထွန်းကားမှုမှာ ဂုဏ်ယူဖွယ်ကောင်းလှသည်။ စာဆိုများ၏ မြန်မာစာပေတတ်မြောက်မှုမှာလည်း စံထားလောက်ပေသည်။ ထိုစာဆိုရှင်များစွာထဲမှ ဖိုးသူတော်ဦးမင်း စပ်ဆိုခဲ့သော တန်ဆောင်မုန်းလ လေးချိုးကဗျာလေးမှာ ကြည်နူးဖွယ်အတိဖြစ်သည်။ ထိုလေးချိုးကဗျာမှာ ‘‘လှူကထိန်သင်္ကန်းနှင့်၊ မဂ်လမ်းတဲ့ဆုပန်ရွယ်။ သည်ချိန်ကို ဝတ်မှုန်ကြဲလို့၊ ခဝဲရွှေညာရင်းမှာ၊သင်းရနံ့ကြွယ်။ ကောင်းကင်လယ်၊ ထက်ဝယ်ဘုံဦး။ ငွေလစန္ဒာနှင့်၊ ကြတ္တိကာကြယ်ပြောင်ရွှန်းငယ်၊ ထွန်းထိန်လို့မြူး’’ ဟူ၍ဖြစ်သည်။ တန်ဆောင်မုန်းလသည် သဘာဝအလှနှင့်လူသားတို့၏ထူးခြားချက်အလှတို့ဖြင့် တန်ဆာဆင်ထားသည့် အားလျော်စွာ ထူးခြားထင်ရှားသော အလှူဒါနပွဲမှာ ကထိန်ပွဲဖြစ်သည်။ ကထိန်ဆိုသည်မှာ ကထိနဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုကထိန်၏ ဆိုလိုရင်းမှာမြဲမြံခြင်း၊ ခိုင်ခံ့ခြင်း၊ […]