မြန်မာ-ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားနေသည့် နယ်စပ်အနီးသို့ စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် သွားရောက်စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်) ညနေ ၅ နာရီခန့်တွင် မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၆၅) သို့ ကားအစီးရေ (၂၀) ခန့်ဖြင့် တြိဂံတိုင်းစစ်ဌာနချုပ် (တသခ) တိုင်းမှူး ရောက်ရှိလာပြီး UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသ မုံးထမြို့နှင့် ပါချီး နယ်စပ်ဂိတ် သို့ ဆက်လက်သွားရောက်နေကြောင်း ဒေသခံများက ပြောသည်။ “မနေ့က ၅ နာရီဝန်းကျင် တိုင်းမှူးက ‘ဝ’ ၁၇၁ ဌာနကို ဆင်းသွားတယ်။ တိုင်းမှူးက ဒီနေ့ ပါချီးတက်မယ်၊ […]
ထိုင်းနိုင်ငံနှင့် နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်တောင်ပိုင်းရှိ ‘ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)၏ ၁၇၁ စစ်ဒေသတွင်းရှိ စစ်စခန်းများကို ထိုင်းစစ်တပ်က လာရောက်ဖယ်ရှားခိုင်းသည်မှာ မှန်ကန်ကြောင်း ‘ဝ’တပ်ဖွဲ့က အတည်ပြုသည်။ ထိုင်းနယ်စပ်တစ်လျှောက်ရှိနေသည့် UWSA တပ် တပ်စခန်းကိုးခုကို ၎င်းတို့နိုင်ငံနယ်နမိတ်အတွင်း ရှိနေသည့်အတွက် ဖယ်ရှားပေးရန် ထိုင်းစစ်တပ်က ဖိအားပေးလာခဲ့ပြီး နိုဝင်ဘာလအတွင်း UWSA နှင့် ထိုင်းစစ်တပ်တို့ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ သို့သော် ယနေ့အထိ UWSA တပ်စခန်းများ ဖယ်ရှားခြင်းမရှိသေးသည့်အတွက် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လာသည်ဟု UWSA ၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရန်းက ပြောသည်။ “ထိုင်းဖက်က အင်အားတိုးတယ်လို့ သိရပြီး ကျွန်တော်တို့ဘက်ကတော့ ပုံမှန်အခြေအနေပါပဲ”ဟု ဦးညီရန်းက ပြောသည်။ ၁၇၁ စစ်ဒေသနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်တပ်၏ […]