ylliX - Online Advertising Network

စစ်အရာရှိအေဂျင်စီ ပို့သည့် အလုပ်သမား ၄၀ ကျော် ထိုင်းတွင်အလုပ်မရသေး

စစ်တပ်အရာရှိဟောင်းပိုင် အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီနှင့် စာချုပ်ချုပ်ဆို၍ နှစ်နိုင်ငံနားလည်မှုသဘောတူညီချက်(MoU) ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ရောက်လာသည့် အလုပ်သမား ၄၀ ကျော် အလုပ်မရဘဲ  သောင်တင်နေသည်ဟု သိရသည်။ ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်ရှိ SY Glascera Limited ကုမ္ပဏီ၏ ကြွေးပြားစက်ရုံတွင် အလုပ်လုပ်ရမည်ဆိုကာ ပြည်ပအလုပ်အကိုင် အေဂျင်စီ ရွှေယုလွင်ကုမ္ပဏီလီမိတက်နှင့် အလုပ်သမား ၉၈ ဦးတို့ စာချုပ်ချုပ်ဆိုခဲ့ကြသည်ဟု သိရသည်။ အလုပ်သမား တစ်ဦးချင်းစီအတွက် ငွေကျပ်သိန်း ၄၀ ကျော် ပေးရသည်ဟုလည်း အလုပ်သမားတို့က ဆိုသည်။ ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ရုံးခန်းဖွင့်ထားသည့် ရွှေယုလွင်ကုမ္ပဏီလီမိတက်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၀ ဆင်း၊ အသက် ၆၉ နှစ် အရွယ်  ဒုတိယဗိုလ်မှူးကြီးဟောင်း  ဦးအေးမင်းဆိုသူက ပိုင်ဆိုင်သည်ဟု စုံစမ်းသိရှိရသည်။ ထိုကုမ္ပဏီနှင့် […]