ylliX - Online Advertising Network

ထိုင်းမြန်မာနယ်စပ် မဲဆောက်တလျှောက် ထိုင်းလုံခြုံရေးတင်းကြပ်

ထိုင်းမြန်မာနယ်စပ်မြ၀တီခရိုင်ထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီကို လိမ်လည်ဖျားယောင်းပြီးရောင်းစားခံရတဲ့ တရုတ်သရုပ်ဆောင်ဝမ်ရှင်း ရဲ့ဖြစ်ရပ်ကြောင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်၊ မယ်လမ၊ အုန်းဖန်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စတဲ့မြို့နယ် ၅နေရာက နယ်စပ် ခိုးဝင်တဲ့လမ်းတွေ သဘာ၀တောလမ်းတွေနေရာကို ထိုင်း စစ်တပ်က လုံခြုံရေးတိုးမြှင့်ချထားပြီးတချို့နေရာတွေကို သံဆူးကြိုးတွေကာရံချထားပါတယ်။ နယ်စပ်လုံခြုံရေးကိုလည်း ပိုမိုတင်းကြပ်လိုက်သလို သတိပေးကြော်ငြာ ဆိုင်းဘုတ်တွေလည်း ချိတ်ဆွဲထားပါတယ် ။ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။ ထိုင်းမြန်မာနယ်စပ် မြ၀တီခရိုင်ထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီကို လိမ်လည်ဖျားယောင်းပြီးရောင်းစားခံရတဲ့ တရုတ်သရုပ်ဆောင်ဝမ်ရှင်း ရဲ့ဖြစ်ရပ်ကြောင့် ထိုင်းမြန်မာနယ်စပ် မဲဆောက်၊ မယ်လမ၊ အုန်းဖန်၊ ထာ့ဆောင်ရမ်း၊ ဖွတ်ဖရ စတဲ့မြို့နယ် ၅နေရာက နယ်စပ်လမ်းတွေမှာလုံခြုံရေးတွေတိုးချထားသလိုတချို့နေရာတွေကိုလည်းသွားလာလို့မရအောင်ပိတ်ထားလိုက်တယ် လို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကိုကူညီနေသူတဦးက VOAကိုပြောပါတယ်။ “အဓိကကတော့ကျနော်သိတာက ကျောက်ခက်နေရာတွေဘက်ကပိတ်ထားလိုက်ပြီ။ သွားလို့မရတော့ဘူး။အရင်က တော့သွားလို့ရတယ်။ ကျနော်တို့သွားတဲ့မယ်ကိုကင်းဘက်ကတော့ အဲဒီနေရာတွေဘက်လည်းပိတ်ထားလိုက်ပြီ ။ သွပ်ဆူးကြိုးနဲ့ခတ်လိုက်ပြီ အဓိကကတော့ လူကုန်ကူး […]

ထိုင်း-မြန်မာနယ်စပ် မောတောင်ကားလမ်း ဖြတ်သန်းခွင့်ပိတ် – Dawei Watch

စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့် မောတောင်လမ်းကို လုံးဝ ပိတ်လိုက် ကြောင်း Black Cobra Column စစ်ကြောင်းရုံးက ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်သည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလဒုတိယ အပတ်မှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း Black Cobra Column ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ထို့ကြောင့် ပြည်သူများထိခိုက်နစ်နာမှု မဖြစ်စေရေးအတွက် တနင်္သာရီ-မောတောင်လမ်းမကြီးတစ်လျှောက် ရေဖြူကျေးရွာ မှ သဲဖြူကျေးရွာအထိ လမ်းပိုင်းကို မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာြခင်းမလုပ်ရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပြင် သဲဖြူကျေးရွာမှ မောတောင်နယ်စပ်အထိ လမ်းပိုင်းတွင် ဒေသခံများမှအပ အခြားဒေသနေ ခရီးသွားဧည့်သည် များ အသုံးပြုသွားလာခြင်း မလုပ်ကြရန်လည်း တားမြစ်ထားသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများက အရပ်သားကားများကို အသုံးပြုကာ […]

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ အလုံးအရင်းအခြေချ – Voice of Revolution Live News

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုယန္တရား ရပ်တန့်နေခဲ့တာပါ။ စစ်ကောင်စီကိုတော်လှန်ရေးမှာမပါဝင်ဘဲ တပ်ဖွဲ့အကျိုးစီးပွားကိုသာ အားစိုက်လုပ်ဆောင်နေတဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ( KNU / KNLA – PC)၊ နယ်ခြားစောင့်တပ် (BGF) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ NMSP တို့က ဘုရားသုံးဆူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်နေကြတာမျိုးပါ။ စစ်ကောင်စီတပ်တွေကတော့ တိုက်ခိုက်ခံရမှာစိုးလို့ အပြင်မထွက်ဘဲ တပ်ရင်းများမှာသာ နေနေရတဲ့အခြေအနေဖြစ်ပါတယ်။ခုလိုအခြေအနေရှုပ်ထွေးမှုနှင့် ငွေပေးရင်အကုန်ဖြစ်နိုင်တဲ့အခြေအနေမျိုးမှာတော့ တရုတ်နိုင်ငံသားအများစုဖြစ်တဲ့ အွန်လိုင်းငွေလိမ်အုပ်စုတွေဟာ သုံးဆူနယ်စပ်မြို့လေးကို ပြောင်းရွှေ့လာနေကြပါပြီ။ ကျားဖြန့်အမှုမှာ ထင်ရှားပြီးသားဖြစ်တဲ့ မြဝတီရွှေကုက္ကိုလ်မြို့သစ်မှာတော့ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ကျားဖြန့်တွေရုပ်သိမ်းဖို့ တရုတ်နိုင်ငံသားတွေထွက်ခွါဖို့ ကြေငြာခဲ့ရာမှစပြီး အခုလို ဘုရားသုံးဆူဘက်ပြောင်းရွှေ့လာမှုတွေ အလုံးအရင်းနဲ့ ဖြစ်ပေါ်လာပါတယ်။ […]

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်ဂိတ်တွင် PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ယာယီပိတ်ပင်

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် ထိုင်းနိုင်ငံသို့ PV (Passport Visit) နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများကို လက်ရှိ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ ၂၃ ရက်မှ စတင်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့ နယ်စပ်ဂိတ်ပေါက်တွင် PV ပက်စပို့စ် နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်မည့်သူများကို စတင်ပိတ်ပင်လိုက်ပြီး အလည်အပတ် ဗီဇာကိုလည်း စစ်ဆေးမှု တင်းကြပ်နေကြောင်း မြို့နယ်ဒေသခံ ဖြစ်စဉ်သိရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီလ ၂၃ ရက်က စပိတ်လိုက်တာ PV ကိုင်ဆောင်ထားတဲ့ သူတွေပေါ့။ အရင်ကတော့ ပိုက်ဆံထိုးပေးရင် ရတယ်လေ။ ပိုက်ဆံထိုးပေးပြီး သွားတဲ့သူတွေ အများကြီးပဲ၊ အခုက အထက်လူကြီးကြောင့် ယာယီပိတ်ထားတယ် ပြောတယ်။ အလည်အပတ် ဗီဇာကိုလည်း ဆေးရုံထောက်ခံစာ အပြည့်အစုံ ပါ […]