တရုတ်အလိုကျ နိုင်ငံရေးဆွေးနွေးမယ်ဆိုတဲ့ TNLA က နစက စစ်ရေးအရ ကျရှုံးမှုရင်ဆိုင်နေရချိန်မှာ တော်လှန်ရေးအရှိန် အမြင့်ဆုံးလွှင့်တင်ကာ အောင်ပွဲရယူမယ်လို့ ထုတ်ပြန်လာ – Myanmar Transparency News Source link
၁. ၁. ၂၀၂၅Written by Thettant ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်တွင် KBZ Pay အကောင့်အသုံးပြုသူများ၏ အကောင့်အတွင်း ဝင်ရောက်၍ အကောင့်ပိုင်ရှင်မသိမီ ကျပ်သိန်းဆယ်ချီကို လိမ်လည်သူများက လွှဲပြောင်းရယူသွားမှုဖြစ်စဥ်များနှင့် ပတ်သက်K Pay အသုံးပြုသူများ၏ ငွေကြေးဆုံးရှုံးမှုမဖြစ်စေရန် တာဝန်ခံကြောင်းနှင့် ဗဟိုဘဏ်ကြီးကြပ်မှုဖြင့် လက်ရှိဖြစ်စဥ်များ ဖော်ထုတ်မည်ဖြစ်ကြောင်း KBZ Pay က ထုတ်ပြန်အသိပေးထားသည်။ KBZ Pay အကောင့်များမှ ငွေများ လိမ်လည်ထုတ်ယူခံရမှုဖြစ်စဥ်များတွင် ဘဏ်နှင့်ချိတ်ထားသော အကောင့်များမှ K Pay သို့လွှဲပြောင်းကာ အခြားအကောင့်များသို့ ငွေလွှဲခြင်း၊ iTune Card များကဲ့သို့ လက်ဆောင်များ၊ ဘေလ်များ ဝယ်ယူခြင်းစသဖြင့် ခိုးယူကြကာ ထိုသို့ အကောင့်ပိုင်ရှင်ဆီ OTP ကျမလာ၊ မည်သည့်လင့်ခ်မှ မဝင်မိဘဲ ခိုးယူခံရမှုမှာ ဝန်ထမ်းအချို့၏ […]
ရခိုင်ပြည်နယ်အတွင်း (၁) နှစ်ကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့နယ်ပေါင်း (၁၄) မြို့နယ် ထိန်းချုပ်ပြီးနောက် နိုင်ငံရေးအရဖြေရှင်းမည်ဟု ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် AA က ထုတ်ပြန်လာသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃)ရက်က စတင်ကာ ရခိုင်ပြည်နယ် အတွင်းရှိ တပ်မတော် တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီး (၁) နှစ်ကျော်အကြာတွင် နိုင်ငံရေးဆွေးနွေးရန် စကားလမ်းကြောင်းစလာခြင်းလည်း ဖြစ်သည်။ AA အနေဖြင့် ရှမ်းမြောက် (၁၀၂၇) စစ်ဆင်ရေးတွင်လည်းကိုးကန့် ၊ တအာင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲများ ဖော်ဆောင်တိုက်ခိုက်ခဲ့ကြပြီး တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်ဆွေးနွေးပွဲ သဘောတူညီမှုကို ရရှိခဲ့ကြသည်။ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်မှအပ ကျန်မြို့နယ် (၁၄) ခုကို AA က ထိန်းချုပ်ထားပြီး […]
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းငယ် နှစ်ခုကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS တပ်ဖွဲ့ အင်အား ၁၀၀ ကျော် စစ် ကြောင်းသုံးကြောင်းခွဲ၍ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း SSPP က ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) တွင် ထုတ်ပြန်သည်။ ယနေ့ (နိုဝင်ဘာလ ၂၅ ရက်) နံနက် ၅ နာရီခွဲတွင် RCSS စစ်ကြောင်း ၂ ကြောင်း မိုင်းကိုင်မြို့နယ်၊ တုံလောကျေးရွာအုပ်စု၊ ပန်ပွဲ ကျေးရွာအနီး SSPP/SSA တပ်စခန်းငယ် ၂ ခုကို ဝင်ရောက်တိုက်ခိုက်ပြီး တပ်သား ၄ ဦးအား ဖမ်းဆီးသွားကာ ဆိုင်ကယ် ၄ စီး၊ ကားတစ်စီး အပါအဝင် စခန်းကို မီးရှိူ့ဖျက်ဆီးခဲ့ကြောင်းဆိုသည်။ […]