ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ကို စစ်ကောင်စီက ဖမ်းဆီးပြီး ပင်လောင်းမြို့နယ်ထဲ ထိန်းသိမ်းထားတာပါ။ အခုဖမ်းဆီးခံရတဲ့သူတွေထဲက လူအယောက် ၆၀ ကျော်ကို ကျပ်ငွေ သုံးသောင်းပေးလို့ ပြန်လွှတ်လိုက်ပြီး ကျန်တဲ့သူတွေကိုထိန်းသိမ်းထားဆဲပဲလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အရပ်သားတွေကို ဖမ်းဆီးနေတဲ့အခြေအနေက စိုးရိမ်စရာပါလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကလည်းပြောပါတယ်။ ဖယ်ခုံက အရပ်သား ရာချီ ဖမ်းဆီးခံရတဲ့ နောက်ဆုံးရအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ (၁၁၁၁) စစ်ဆင်ရေးတစ်နှစ်ပြည့်တဲ့နေ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြီး ပြန်လာတဲ့ အရပ်သား အယောက် ၂၀၀ ကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားတဲ့အကြောင်း ကရင်နီအမျိုးသားများတပ်ကာကွယ်ရေးတပ်(KNDF) […]