ylliX - Online Advertising Network

ထိုင်း-မြန်မာနယ်စပ် မောတောင်ကားလမ်း ဖြတ်သန်းခွင့်ပိတ် – Dawei Watch

စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်နေသဖြင့် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့် မောတောင်လမ်းကို လုံးဝ ပိတ်လိုက် ကြောင်း Black Cobra Column စစ်ကြောင်းရုံးက ဇန်နဝါရီလ ၄ရက်တွင် ထုတ်ပြန်သည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဒီဇင်ဘာလဒုတိယ အပတ်မှ စတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း Black Cobra Column ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ထို့ကြောင့် ပြည်သူများထိခိုက်နစ်နာမှု မဖြစ်စေရေးအတွက် တနင်္သာရီ-မောတောင်လမ်းမကြီးတစ်လျှောက် ရေဖြူကျေးရွာ မှ သဲဖြူကျေးရွာအထိ လမ်းပိုင်းကို မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာြခင်းမလုပ်ရန် အသိပေးကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပြင် သဲဖြူကျေးရွာမှ မောတောင်နယ်စပ်အထိ လမ်းပိုင်းတွင် ဒေသခံများမှအပ အခြားဒေသနေ ခရီးသွားဧည့်သည် များ အသုံးပြုသွားလာခြင်း မလုပ်ကြရန်လည်း တားမြစ်ထားသည်။ ယင်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများက အရပ်သားကားများကို အသုံးပြုကာ […]

ထိုင်းစစ်တပ်ရိုက်နှက်မှုကြောင့် မြန်မာတဦးသေဆုံးမှုစုံစမ်းပေးဖို့ ထိုင်းအစိုးရကို တောင်းဆို

မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ကို ထိုင်း မြန်မာနယ်စပ်မှာ စစ်သားနဲ့နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၃ ယောက်က အခုနှစ်ဆန်းက ညှဉ်းပမ်းရိုက်သတ်ခဲ့မှုအပေါ် ထိုင်းအစိုးရအနေနဲ့ အပြည့်အဝ စုံစမ်းပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။ မဲဆောက်ခရိုင်ထဲမှာ ဇန်နဝါရီလတုန်းက ‘ထိုင်းရပ်ရွာလုံခြုံရေးအဖွဲ့ဝင်တွေရဲ့ယူနီဖောင်းဝတ်ထားလို့’ ဆိုပြီး အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကို-ကို ထိုင်းတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပါတယ်။ တပ်ဖွဲ့ဝင် ၃ ယောက်က ဝါးရင်းတုတ်နဲ့ ရိုက်နှက် နှိပ်စက်မေးမြန်းခဲ့တဲ့ဒဏ်ရာတွေကြောင့် သူသေဆုံးသွားခဲ့တာ ကို မျက်မြင်တွေရဲ့ အပြောတွေ၊ ရင်ခွဲမှတ်တမ်းတွေနဲ့ အခင်းဖြစ်တဲ့နေရာက ဓါတ်ပုံတွေကို ကိုးကားပြီး Fortify Rights အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ကိုအောင်ကိုကို ဆိုးဆိုးဝါးဝါး နှိပ်စက်ခံပြီး သေဆုံးခဲ့တဲ့ အဖြစ်နဲ့ပတ်သက်လို့ ဒီတိုင်းထားလိုက်လို့ မရကြောင်းနဲ့ သက်ဆိုင်တဲ့ ထိုင်းတပ်ဖွဲ့ဝင်တွေကို အချိန်မဆိုင်းဘဲ ဥပဒေအရ အရေးယူရပေးဖို့ […]