ylliX - Online Advertising Network

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကချင်ပြည်နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဇန်နဝါရီ ၉   နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ရှိ အမှတ် (၁) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကချင်ပြည်နယ် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနရုံးနှင့် သင်တန်းကျောင်းတို့မှဝန်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာန၏ မူဝါဒ(၄)ရပ် ဖြစ်သည့် နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ် ဒေသနေတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး စသည့်မူဝါဒများနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်၍ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေးတည်ဆောက်ရမည် ဖြစ်ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အစဉ်အားထုတ်ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာနှင့် […]

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာန ကိုယ်စားပြုအားကစားအသင်းများ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၈    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ယနေ့ ညနေပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် သရုပ်ဖော်ကပြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစား အသင်းများ လေ့ကျင့်နေမှုကို သွားရောက်အားပေးသည်။    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဖွင့်ပွဲအခမ်းအနား၌ သရုပ်ဖော်ကပြမည့် ဝန်ကြီးဌာနလက်အောက်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊ စစ်ကိုင်း) တို့မှ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့၊ မိုးလုံလေလုံ အားကစားရုံ၌ ဝန်ကြီးဌာန အမျိုးသား ပိုက်ကျော်ခြင်းအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း၊ နေပြည်တော် အထက(၇) အားကစားကွင်း၌ ဝန်ကြီးဌာန ဘောလုံးအသင်း လေ့ကျင့်နေမှုကိုလည်းကောင်း […]