မြန်မာနိုင်ငံရှိ သက်တမ်းရင့်ရေနံမြေများတွင် ခေတ်မီနည်းပညာများအသုံးပြု၍ ရေနံအထွက်တိုးရန် ရုရှားကုမ္ပဏီများနှင့်ပူးပေါင်းဆောင် ရွက်ရန် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးကိုကိုလွင်နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ် တော်ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool တို့ဆွေးနွေးခဲ့ကြသည်။ ၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန အစည်းအ ဝေးခန်းမ၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံရှိ သက်တမ်းရင့်ရေနံမြေ များတွင် ခေတ်မီနည်းပညာများအသုံးပြု၍ ရေနံအထွက်တိုးရေးလုပ်ငန်းများကို ရုရှားကုမ္ပဏီများနှင့်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံရေးတို့အား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပထဝီနိုင်ငံရေးအရ မြန်မာနိုင်ငံ၏ အ ချက်အချာကျမှုကိုအသုံးချ၍ LNG တင်သွင်းဖြန့်ဖြူးနိုင်မည့်အလားအလာနှင့် လက်ရှိတည် ဆောက်ပြီး ပိုက်လိုင်းကွန်ရက်အားအသုံးပြု၍ LNG ကုန်သွယ်ရေးဆောင်ရွက်နိုင်ရေး၊ […]
( ၃-၁၂-၂၀၂၄ ရက်၊ နေပြည်တော်) ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ် ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် (၁၁:၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ကဏ္ဍအများအပြား၌ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ************************************* Source link