ylliX - Online Advertising Network

ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာအတွင်း PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်

ပွင့်ဖြူ၊ ဒီဇင်ဘာ ၁၈ မကွေးတိုင်၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ဆင်လူးကျေးရွာကို ၁၇-၁၂-၂၀၂၄ ရက်နေ့ နေ့လည် (၂ ၀၀)နာရီ အချိန်ခန့်က PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ကျေးရွာအတွင်း ၃နေရာ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ၁လုံးမှာ အုပ်ချုပ်ရေးမှူး ဦးဖိုးအောင်အိမ်ရှေ့ ကျရောက်ပေါက်ကွဲပြီး ကားထိမှန်အင်ဂျင်ကွဲပျက်စီးသွားကြောင်း၊ ၁လုံးက ရွာအရှေ့ပိုင်းမကျည်းပင်ပေါ်ကျပေါက်ကွဲခဲ့ပြီး ကျန်၁လုံးမှာ ရွာ၏အနောက်ဘက် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှု မရှိကြောင်း သိရသည်။ ၁၁-၁၂-၂၀၂၄ ရက်နေ့တွင် PDF အကြမ်းဖက်သမားများက ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဆင်လူးရွာမှ ဒေါ်သန်းရင် ၈၇နှစ်နဲ့ ဒေါ်တင်မှီ၇၉နှစ်တို့ ဒရုန်းဗုံးထိမှန်သေဆုံးပြီး ၁၅-၁၂-၂၀၂၄ ရက်နေ့က အမျိုးသမီးငယ်တစ်ဦး စိုးရိမ်ရဒဏ်ရာရရှိပြီး […]

ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ – Khit Thit Media

ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို အကြမ်းဖက်စစ် တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂ […]

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး – Khit Thit Media

ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၃ စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အ ကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကိုပြောဆိုသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး […]