ylliX - Online Advertising Network

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဘန်ကောက် အလွတ်သဘောအစည်းအဝေးတွင် တောင်းဆို – Khit Thit Media

ရန်ကုန်၊ ဒီဇင်ဘာ ၂၀ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က တောင်းဆိုလိုက်သည်။ ယနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲတွင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ ထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သူ၏ လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။ ယနေ့ အလွတ်သဘောအစည်းအဝေးတွင် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က လိုက်နာရန် ထပ်မံအတည် ပြုခဲ့ကြောင်း၊ အထူးသဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ငြိမ်းချမ်းပြီး တာရှည်ခံသည့် အဖြေတစ်ခုရရှိရေး သက်ဆိုင်သူများအားလုံးအကြား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှု မရှိ မဖြစ် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် သင့်မြတ်ရေးအတွက် အဓိက အရေးကြီးဆုံးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် […]

Fact Check: ၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ AA ရာဇသံပေးတဲ့ သတင်းတု

၃ ရက်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာရက္ခတပ်တော်(AA)က ရာဇသံပေးလိုက်ပြီး လွှတ်မပေးပါက ဖမ်းထားတဲ့ စစ်သုံပန်းတွေကို အကုန်လည်လှီးသတ်မယ်လို့ဆိုထားတဲ့ ဗွီဒီယိုပို့စ် ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာ တွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု တခုသာဖြစ်တယ်။  ဒီဇင်ဘာ ၆ ရက်မှာ စတင်ဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါ စာသားကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာ ကြည့်ပါ။  “(၃)ရက်အတွင်း အမေစုကို ပြန်မလွှတ်ပေးပါက  ဖမ်းထားတဲ့ တိုင်းမှူးနဲ့စစ်ခွေး(၂၀၀၀)ကျော် အကုန်လည်လှီးသတ်ပစ်မည်ဟု AA ဒဲ့ပြော” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Local Celegram”ဟာ လုပ်ကြံရေးသားဖြန့်ဝေမှုတွေနဲ့ မီဒီယာတွေမှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်း ခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ […]

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ထရမ့်တောင်းဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့် တောင်းဆိုလိုက်ပြီး မလိုက်နာရင် စစ်ရေးအရ အရေးယူမယ်လို့ ဆိုထားတဲ့ သတင်းတုဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်နဲ့ ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ ဒီဗွီဒီယိုမှာပဲ သူ့ရဲ့တောင်းဆိုချက်ကို လိုက်နာပြီး ၃ မိနစ်အတွင်း ရာသက်ပန်လွတ်ငြိမ်းခွင့်နဲ့ စစ်ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးလိုက်တယ်လို့လည်း ဆိုထားပါတယ်။  နိုဝင်ဘာ ၂၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ  လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၂၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ တူညီတဲ့ ရေးသား ဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။ “သမ္မတဒေါ်နယ်ထရမ့် တောင်းဆိုမှုကြီးပြီ ‌ဒေါ်စုကိုမလွှတ်ရင် စစ်ရေးနဲ့အရေးယူမည်ပြောလို့ (၃)မိနစ်မကြာဘူး ရာသက်ပန် လွတ်ငြိမ်းခွင့်ပေးပြီ” မူရင်းလင်ခ့် – Facebook […]

မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့တယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၁ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ အဆိုပါ Video ရဲ့ နောက်ခံမှာ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ရယ် ဒေါ်အောင်ဆန်းစုကြည်ရယ် သတင်းကြေညာသူ တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “ဒီနေ့ ၁၇ ရက်နေ့ အကြီးကြီးထူးပြီ။ မင်းအောင်လှိုင် ဒေါ်စုကို သွားတွေ့ရပြီ။ မင်းအောင်လှိုင် အရမ်းကြောက်နေပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။ မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။ အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ ၂၂၀၀၀ ကျော် […]

Fact Check: ‌သေခါနီးဖြစ်နေလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် လွှတ်ပေးဆိုတဲ့ သတင်းတု

သူမရဲ့နောက်ဆုံးနေ့ရက်တွေ ရောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်က လွှတ်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တွေ ယူကျု့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုသာဖြစ်တယ်။ နိုဝင်ဘာ ၁၁ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ယူကျူ့ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ ဒီပို့စ်ဟာ လက်ရှိအချိန်မှာ ပြန်လည်မျှဝေမှုပေါင်း ၁ ဒဿမ ၄ သိန်းကျော်ရှိထားတယ်။  “သေခါနီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရာသက်ပန်လွတ်ငြိမ်းခွင့်ပေးတော့မည်ဟု  တရုတ်ပြန် မင်းအောင်လှိုင်ကြေညာလို့ လန့်ကုန်ကြပြီ” မူရင်းလင်ခ့် – Youtube link | Archive link ကျန်းမာရေးအခြေအနေဆိုးရွားလာတာကြောင့် ထောင်က ပြန်လွှတ်တော့မယ်ဆိုပြီး အလားတူတဲ့ရေးသား မျှဝေမှုကို အခြားသော ချန်နယ်တခုက ထပ်မံ ဖြန့်ဝေခဲ့ရာမှာတော့ ကြည်ရှု့မှုပေါင်း ၄၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် […]