ylliX - Online Advertising Network

မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်၍ ဥရောပ သမဂ္ဂနဲ့ အခြား ၉ နိုင်ငံ ကြေညာချက်ထုတ်ပြန်

မိုးမခ၊ ဇန်နဝါရီ ၈၊ ၂၀၂၅ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်၍ ဥရောပ သမဂ္ဂနဲ့ အခြား ၉ နိုင်ငံ ကြေညာချက်ထုတ်ပြန် ဥရောပသမဂ္ဂအဖွဲ့နှင့် အမေရိကန်ပြည်ထောင်စု၊ နော်ဝေ၊ ကိုးရီးယား သမ္မတနိုင်ငံ၊ တီမောလက်စ်တေ၊ သြစတေလျ၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယူးဇီလန်နှင့် ယူကေတို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ပတ်သက်သည် ကြေညာချက်တစောင်ကို ဇန်နဝါရီ ၇ ရက်နေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ကြပါတယ်။ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးရွားလာသည့် လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း၊ အရှိန်အဟုန် မြင့်တက်လာတဲ့ အကြမ်းဖက်မှုနဲ့ လူမှုအသိုက်အဝန်းအကြား တင်းမာမှုတွေနဲ့ အာဏာရှင်အဖွဲ့အစည်းက မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်ဖိနှိပ်နေမှု စတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ […]

နိုင်ငံ ဒီမိုလမ်းမှန်ပြန်ရောက်ရေး စစ်ကောင်စီကြိုးပမ်းဆိုတာ မှန်၊မမှန်

စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေချပြီး ကြိုးစားနေတယ်လို့ ယုံကြည်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်မိတ်သဟာယညစာစားပွဲအခမ်းအနားတက်ရောက်စဉ်မှာပြောပါတယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ ကြုံတွေ့လာတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မယ်လို့လည်း စစ်ကောင်စီခေါင်းဆောင်က ပြောပါတယ်။ ဒါက အထင်မှားစေပါတယ်။ စစ်ကောင်စီခေါင်းဆောင် အနေနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ တွေ့ဆုံးဆွေးနွေးပြီး လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ပြောဆိုထားပေမယ့် ၂၀၂၁ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုက ဒီမိုကရေစီနည်းလမ်းနဲ့ ဆန့်ကျင်နေပြီး၊ ယနေ့အချိန်အထိလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေအပါအဝင် ဒီမိုကရေစီလှုပ်ရှားသူတွေကို ဖမ်းဆီးထားဆဲဖြစ်တာကိုတွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၄) […]

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ GDP ပမာဏတိုးတက်လာစေမည် | Popular

သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုကြောင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၂၂ ရက်နံနက်ပိုင်းကကျင်းပသည့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ်(၁၀၀)ပြည့် ရာပြည့်ခန်းမဖွင့်ပွဲနှင့် ရာပြည့်သဘင်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်တွင်ရှိသည့် သီးနှံစိုက်ဧက စုစုပေါင်း (၃၃)သန်းမှ အရေးကြီးသီးနှံများကို ဦးစားပေးပြီး ပြည်တွင်းစားရေရိက္ခာဖူလုံမှုရှိစေရေး၊ ပြည်ပကိုတိုးချဲ့တင်ပို့ရောင်းချနိုင်ရေးနှင့် သွင်းကုန်အစားထိုးပမာဏတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးတို့ကို ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပန်းတိုင်ရည်မှန်းချက်သည် အကြိမ်ကြိမ်သုတေသနပြုပြီးမှ ဖော်ထုတ်ထားခြင်းဖြစ်၍ ဒေသအလိုက်ပန်းတိုင်ပြည့်မှီရေး စနစ်တကျသုံးသပ်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ကြောင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်မှုသည် နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ပြီး GDP ပမာဏတိုးတက်လာစေမည်ဟု ပြောသည်။ ” အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ စိုက်ပျိုးရေးပညာရှင်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးသလို စိုက်ပျိုးရေးလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ တခြားဆက်စပ်ကဏ္ဍတွေက ပညာရှင်တွေနဲ့ချိတ်ဆက်လုပ်ဆောင်မှုကလည်း အရေးကြီးပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။ ထိုသို့ ချိတ်ဆက်ဆောင်ရွက်သည့်လုပ်ငန်းများ […]

နိုင်ငံ့ GDP တိုးတက်လာပါက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့ နိုဝင်ဘာ ၂၇ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။ အစည်းအဝေးတွင် နစကဥက္ကဋ္ဌက နိုင်ငံ့ GDP တိုးတက်လာပါက ဘတ်ဂျက်ပိုမိုအသုံးပြု၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ရာ နိုင်ငံ GDP တိုးတက်လာစေရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ ၊ တိုင်းနှင့်ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် နိုင်ငံ့ GDP တိုးတက်စေရေးအတွက် ကုန်ထုတ်လုပ်မှုတိုးတက်ရန်လိုပြီး နိုင်ငံအတွက်အခြေခံကျသော လယ်ယာစိုက်ပျိုးရေးကဏ္ဍကြီးတွင် စိုက်ပျိုးရေးထွက်ကုန်၊ စိုက်ပျိုးသီးနှံများပိုမိုထွက်ရှိတိုးတက်လာပါက ၎င်းကိုအခြေခံသည့် စက်မှုကဏ္ဍကြီးသည်လည်း ပိုမိုတိုးတက်လာမည်ဟု ပြောသည်။ ” စက်မှုကဏ္ဍကြီးတိုးတက်လာပြီး ကုန်ထုတ် လုပ်မှုတွေ တိုးမြင့်လာမယ်ဆိုရင် ဝန်ဆောင်မှုကဏ္ဍကြီးလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ငွေကြေးစီးဆင်းမှုများပြားလာပြီး ဘဏ္ဍာရေးကဏ္ဍလည်း တိုးတက်လာမှာဖြစ်ပါတယ်။ ကဏ္ဍတွေ တစ်ခုနဲ့တစ်ခုဆက်စပ်ချိတ်ဆက်တိုးတက်လာမှာဖြစ်တဲ့အတွက် အခြေခံကျတဲ့စိုက်ပျိုးမွေးမြူရေးကဏ္ဍကိုတိုးတက်စေဖို့ အားသွန်ခွန်စိုက်ဆောင်ရွက်ကြရပါမယ်”ဟု […]