ylliX - Online Advertising Network

အတိတ်နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်မြုပ်နေသော ပအိုဝ်းအဖွဲ့အစည်းများ – သျှမ်းသံတော်ဆင့်

“ပအိုဝ်းပြည်နယ်သစ်‌ပေါ်ထွန်းရေး မပေါ်ထွန်းရေး အဲတာ အသာထား အခုကိုယ့်ရှိနေတာလေး သူများခွဲမစားသွားဖို့ အရေးကြီးတယ်”လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အသွင်ပြောင်းပြည်သူ့စစ် ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီးခွန်နေဝင်းထွန်းက လူထုနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုပါသည်။ သို့သော်လည်း ပအိုဝ်းနိုင်ငံရေးအဖွဲ့အစည်းများဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် နွေဦးတော်လှန်ရေးစတင်ပြီးနောက် အသစ်စုဖွဲ့လိုက်သော ခွန်မြင့်ထွန်းဦးဆောင်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တို့၏ ပူးပေါင်းထုတ်ပြန်ချက်တွင်မူ “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ပအိုဝ်းပြည်နယ်သစ်ပေါ်ထွန်းရေးမူကို ကိုင်စွဲကာ ပအိုဝ်းအမျိုးသားများ၏ တတိယတော်လှန်ရေးကို အောင်မြင်ပြီးပြည့်စုံစေမည်”ဟု ပါရှိသည်။ ထိုကဲ့သို့ ပအိုဝ်းအမျိုးသား နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းများ၏ နိုင်ငံရေးရပ်တည်ချက် မတူညီနေမှုများသည် အတိတ်ကာလ၌ ရှိခဲ့သော ပအိုဝ်းနိုင်ငံရေးအကြပ်အတည်း သို့တည်းမဟုတ် အပြန်အလှန်တိုက်ခိုက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် ရှုပ်ထွေးပွေလီခဲ့သော နိုင်ငံရေးဝဲဂယက်ထဲသို့ နစ်ဝင်သည်ထက် ပို၍နစ်မြုပ်လာစေသည်။ အတိတ်ကာလ ပအိုဝ်းလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများ ပအိုဝ်းအမျိုးသားများ၏ ‌အတိတ်ကာလတော်လှန်ရေးသမိုင်းတွင် ဗဟိုအစိုးရတပ် […]

ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ နစ်မြုပ်မှုမှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ၊ နစ်မြုပ်နေသော လှေကို ရေအောက်တွင် တွေ့ရှိရပြီး ဖော်ယူရန် ကြိုးစားနေဆဲ – Khit Thit Media

ကျောက္ကာမှ မြိတ်သို့ သွားသည့် လူဦးရေ ၇၀ နီးပါး ခရီးသည်လှေ နစ်မြုပ်မှုမှ ပျောက်ဆုံးသူများကို ရှာဖွေနေဆဲ၊ နစ်မြုပ်နေသော လှေကို ရေအောက်တွင် တွေ့ရှိရပြီး ဖော်ယူရန် ကြိုးစားနေဆဲ ရန်ကုန်၊ အောက်တိုဘာ ၂၁ တနင်္သာရီတိုင်း၊ ပုလောကမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် လူဦးရေ ၇၀ နီးပါး လိုက်ပါသော ခရီးသည်တင်လှေသည် ယမန်နေ့ညပိုင်း နစ်မြုပ်သွားခဲ့ရာ နစ်မြုပ်သွားခဲ့သောကို လှေကို တွေ့ရှိထားပြီး ပျောက်ဆုံးသူများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသပြည်သူတချို့ထံမှ သိရှိရသည်။ ယမန်နေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ပင်လယ်ပြင်တွင် လှေနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင် လှေပေါ်တွင် လိုက်ပါသူများတွင် သီတင်းကျွတ်ကာလ ပုလောမြို့နယ်ရှိ နေအိမ်သို့ ခဏ ပြန်လာကြပြီး […]