မန္တလေးတိုင်းအတွင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားစိုးမိုးသော နယ်မြေများကို ယမန်နေ့နှင့် ယနေ့ (ဇန်နဝါရီ ၉) တို့တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အဆောက်အဦ များ ပျက်စီးကာ လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရသေးကြောင်း ဒေသခံများနှင့် စစ်ရေးသတင်း ရင်းမြစ်များက ပြောကြသည်။ ယနေ့ နေ့လယ်တွင် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးထားသော မတ္တရာမြို့နယ် အရှေ့ခြမ်း ၊ မတ္တရာမြောက်ဘက် ကပ်လျှက် တည်ရှိသော စဉ်ကူးမြို့နယ်နှင့်သပိတ်ကျင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ပြီး ယမန်နေ့ နေ့လယ်ကမူ မိုးကုတ်မြို့ကို ဗုံးကြဲသွား သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) သိမ်းပိုက်ထိန်းချုပ်ထားသည့် မတ္တရာမြို့နယ် အရှေ့ခြမ်း ထန်းပင်ကုန်းကျေးရွာနှင့်အနီးတဝိုက်အား ယနေ့နံနက် ၉ နာရီကျော်ခန့်မှစ၍ လေကြောင်း ဖြင့်၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့ပြီး အထိအခိုက်များကို မသိရှိရသေးကြောင်း […]