ylliX - Online Advertising Network

ရှေးခေတ် နံရံဆေးပန်းချီများရှိသည့် ဝတ်ကြီးလိုဏ်ဂူအား ပြန်လည်ပြုပြင်သွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ မင်းဘူးမြို့ မှန်ကင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိသည့် ဝတ်ကြီးလိုဏ်ဂူမှ အင်းဝခေတ် နံရံဆေးပန်းချီများ မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်သွားမည် ဖြစ်သည်။ ယင်း ဝတ်ကြီးလိုဏ်ဂူမှ နံရံဆေးပန်းချီများသည် ရှေးနှစ်ပေါင်း (၂၀၀) ကျော် အင်းဝခေတ်က လက်ရာများဖြစ်ပြီး ယခုအချိန်တွင် လက်ရာများက ပျက်စီးယိုယွင်းနေပြီဖြစ်သောကြောင့် ဘုရားပွဲတော်ရာသီအမီ ပြန်လည် ပြုပြင်ခြင်း ဖြစ်ကြောင်း သိရသည်။ ဝတ်ကြီးလိုဏ်ဂူတွင် မင်းဘူးဆရာတော် ဦးဩဘာသရေးသားခဲ့သော ဇာတ်တော်ကြီး ရှစ်ဘွဲ့ထဲမှ တေမိယဇာတ်၊ မဟာဇနက ဇာတ်၊ နေမိဇာတ်၊ မဟော်သဓာဇာတ်၊ စန္ဒကုမာရ ဇာတ်၊ နာရဒဇာတ် ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်များ အပြင် ရှင်ပညာတိက္ခ ရေးသားသော သုဝဏ္ဏသာမဇာတ်နှင့် ရှင်နန္ဒမေဓာက ရေးသားသော ဘူရိဒတ်ဇာတ်တော်ကြီးများရှိကြောင်းလည်း သိရသည်။ ထို့ကြောင့် မှန်ကင်းကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တပုညအား […]