ဗန်းမော်လေယာဉ်ကွင်း ကာကင်း စစ်စခန်းတချို့ကို သိမ်းပိုက်ရရှိ၊ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ်အများအပြား မီးလောင် ရန်ကုန်၊ ဇန်နဝါရီ ၁၁ ကချင်ပြည်နယ်၊ ဗန်းမော်လေယာဉ်ကွင်းအနီးရှိ စစ်တပ်ကာကင်းစခန်းတချို့ကို ဆက်တိုက်သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ လက်ရှိတွင် ဗန်းမော်မြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ထိုးစစ်များ အရှိန်အဟုန်မြှင့်တင်လျက်ရှိပြီး အထူးသဖြင့် စကခ ၂၁ နှင့် ဗန်းမော်လေယာဉ်ကွင်းအနီးကို ဦးတည်၍ ထိုးစစ်ဆင်နေကြောင်း၊ စကခ ၂၁ တွင် စစ်ကောင်စီတပ်များ စုဝေး၍ ခုခံနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ဗန်းမော်လေယာဉ်ကွင်းကိုလည်း အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။ “ဗန်းမော်မြို့ လေယာဉ်ကွင်းကိုတော့ ရတယ်ဆိုတဲ့ သတင်းတွေက မဟုတ်သေးပါဘူး။ ကာကင်းတွေတော့ရတယ်။ လေဆိပ်ကိုတော့ […]
တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဗန်းမော်ဒေသခံတွေ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ တင့်ကား၊ ဒရုန်း အပြင် လက်နက်ကြီးတွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့တွင်း မီးလောင် ပျက်စီးမှု များပြားကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ဗန်းမော်မြို့တွင်းမှာက မြို့တစ်ဝက်ကျော်က ပြာပုံဖြစ်သွားပြီ။ ပြည်သူတွေလည်း ဘယ်သူမှ မရှိတော့ဘူး။ တစ်ချို့အိမ်စောင့် လောက်ပဲရှိတယ်။ ပြာပုံဖြစ်သွားတာက မြို့အလယ်ကောင် ပတ်ပတ်လည် အားလုံးမီးလောင်ပျက်စီးသွားပြီ။ မြို့မရပ်၊ တိမ်တော်ကြီးအထိ အကုန်ပါသွားပြီ။ အိမ်ခြေက ထောင်ကြီးဂဏန်းမရှိရင်တောင်ရာကြီးဂဏန်းတော့ပါသွားပြီ။ အဓိကတော့ စစ်တပ်ကနေ လေကြောင်းနဲ့ ပစ်တယ်။ ပြီးရင် ဒရုန်း ၊ တင့်ကားတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြလို့ဖြစ်တယ်” လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့တိုက်ပွဲဟာ တစ်လအတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ တစ်ရက်ကို ၁၀ ကြိမ်ထက်မနည်း နေ့စဉ်နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ […]