မကြာသေးမီ အချိန်ကလေးကပင် မိမိတို့ ၂၀၂၄ ဆိုသည့် နှစ်တစ်နှစ်၊ ကိန်းဂဏန်းတစ်ခုကို ထားရစ်ခဲ့ရပြီဖြစ်သည်။ မိမိတို့ မည်သည့်အရာများ ပြုလုပ်ခဲ့သည့်အတွက် မည်သည်တို့ ကျန်ခဲ့ပြီး မိမိနောက်က ထက်ကြပ် ကပ်လိုက်လာပါသနည်း။ စဉ်းစားတွေးတော သင့်ပေသည်။ မိမိတို့ မြန်မာနိုင်ငံကြီး အတိဒုက္ခရောက်နေသည်မှာ ၂၀၂၄ တစ်နှစ်တည်းမဟုတ်ခဲ့ဘဲ ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ စသည့်ခုနှစ်သက္ကရာဇ် လေးခုပြောင်းခဲ့ရပြီဖြစ်သည်။ ၂၀၂၅ ဆိုသည့် ခုနှစ်တွင်လည်း အလားတူ အဆိုးနွံထဲတွင် တဝဲလည်နေပါမည်လော။ တစ်ဦးချင်း၊ တစ်ယောက်ချင်း စဉ်းစားတွေးတော သင့်ပေသည်။ စဉ်းစားတွေးတော ကြပါကုန်လော့… အမှန်ကို မြင်၍ အမြင်မှန်များ ရကြပါလော့… တစ်ဦးချင်းက မစဉ်းစားဘဲ၊ မတွေးတောဘဲ ချန်လှပ်ထားပါက မိမိ၊ သူတစ်ပါးအပါအဝင် တစ်ပြည်သားလုံး အာဏာရှင်ဝဲဂယက်တွင် […]
မကြာခင် ၂၀၂၄ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကူးပြောင်းတော့မယ့်အချိန် ၂၀၂၅ မှာ ပြည်သူအများ မျှော်လင့် တောင့်တတဲ့ ဆန္ဒတွေပြည့်ပါစေကြောင်း အလွှာအသီးသီးက ပြည်သူတွေ က ဆုတောင်းပေးကြပါတယ်။ မြန်မာပြည်သူတွေအတွက် ၂၀၂၄ခုနှစ်ဟာ စစ်ရေးပဋိပက္ခတွေ၊ မွန်းကြပ်ခက်ခဲမှုတွေ၊ ဖိနှိပ်ခံရမှုတွေ နဲ့ ဆိုးဝါးတဲ့ သဘာဝဘေးတွေ နဲ့ ကြုံတွေ့ခဲ့ရတဲ့နှစ် တခုလို့ဆိုရင် မှားမယ်မထင်ပါဘူး။ ငွေကြေးဆင်းရဲကြပ်တည်းမှု စီးပွားရေးကျဆင်းမှုတွေ အလုပ်အကိုင်ရှားပါးမှုအပြင် စစ်မှုထမ်းရတဲ့အဖြစ်ကိုပါ ထပ်ဆောင်းခံနေရတာပါ။ လာမယ့် နှစ်သစ် ၂၀၂၅မှာတော့ ဒီဒဏ်တွေကင်းဝေးဖို့ အလွှာအသီးသီးက သူတွေက မျှော်လင့်နေကြတာပါ။ အခက်အခဲကြားထဲက ရှင်သန်နေရတဲ့ ပြည်တွင်းမှာရှိနေတဲ့ ပြည်သူတွေ နှစ်သစ် ၂၀၂၅မှာ ဘာတွေ မျှော်လင့်ဆုတောင်းကြပါလဲ။ ဒါတွေကို ရန်ကုန်ကနေစုစည်းတင်ပြထားပါတယ်။ မကြာခင်မှာ အချိန်ပိုင်းမှာပဲ ၂၀၂၄ နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကူးပြောင်းတော့မယ့်အချိန် […]
နှစ်သစ်ကူးချိန်ဆို ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ နှစ်သစ်ဆုတောင်းသံတွေ လွင့်ပျံ့နေတာပါ။ နှစ်ကူးအတွက် ထွန်းလင်းထားတဲ့ မီးရောင်စုံတွေ၊ ပျော်ပွဲရွှင်ပွဲတွေကြားမှာ ရှိမနေနိုင်တဲ့ တော်လှန်ရေးရဲဘော်တွေ မျှော်မှန်းတဲ့ အနာဂတ်ကလည်း ထွန်းလင်းတောက်ပနေပါတယ်။ နေရာပေါင်းစုံ အကြောင်းစုံမှာ မညိုညိုလွင် တင်ပြထားပါတယ်။ Source link