ဒါရိုက်တာ ကိုဇော်(အာရုံဦး)ရိုက်ကူးတဲ့ ‘ဂျစ်ကားစီးဖူးသလား။ ဂျားကစ်စားဘူးသရီး’ ရုပ်ရှင်ကို ဝေဖန်သူ ကိုရှိုင်းထက်အောင်(ခ)ဟာဆယ်ယွန် ပျောက်ဆုံးနေတာ ငါးရက်အကြာ ရန်ကုန်မြို့၊ လှိုင်မြို့မရဲစခန်းမှာ စစ်ကောင်စီက အမှုဖွင့်ခံထားရတယ်ဆိုပြီး ပြန်လည်ပေါ်ထွက်လာပါတယ်။ သူ့ လူမှုကွန်ရက်အကောင့်ကနေ အောက်တိုဘာ ၂၄ ရက်မှာ အဲဒီရုပ်ရှင်နာမည်နဲ့ပတ်သက်ပြီး “ဟိန္ဒူရိုးရာ ယဥ်ကျေးမှုကို ပျက်ရယ်ပြုစော်ကားသလိုဖြစ်နေတယ်” လို့ ဝေဖန်ပြောဆိုခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့တာပါ။ သူ့ရဲ့ဝေဖန်မှုဟာ လူမှုကွန်ရက်မှာ ထောက်ခံသူ၊ မျှဝေသူတွေ များပြားပြီး ရေပန်းစားသွားတဲ့အတွက် စစ်ကောင်စီက ဖမ်းဆီးလိုက်တာဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်ခဲ့တယ်ဆိုပြီး လှိုင်မြို့မရဲစခန်းမှာ သူ့ကို ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီက ယမန်နေ့ ညပိုင်းမှာ […]