ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲ တိုက်ခိုက်စဉ် မိုင်းပေါက်ကွဲခြင်းမရှိသောကြောင့် ပြည်သူများ ရုံးအနီး သွားခြင်းမပြုလုပ်ရန် အသိပေးလိုကြောင်း The Light of Union မြို့ပြစစ်ဆင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် မြောက်ဒဂုံမြို့နယ် အမှတ် ၄၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရူံး အတွင်း The Light of Union မြို့ပြစစ်ဆင်ရေး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက မိုင်းထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မိုင်းထောင်ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် […]
ရန်ကုန်၊ ဇန်နဝါရီ ၂၁ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အတွင်းရေးမှူးများ၊ ကောင်စီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်း အဝေးသည် စတုတ္ထအကြိမ် ရွေးချယ်ခံရသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အားပြည့်အင်ပြည့်ဖြင့် ထမ်းဆောင်နိုင်ပါစေဟု ဆုတောင်းပါကြောင်း၊ ကောင်စီဝင်များသည် အသက်အရွယ်နှင့် အတွေ့အကြုံအရ ရင့်ကျက်ပြီးသူများ ဖြစ်သဖြင့် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ယနေ့ […]
အသား ၊ငါးပေါလှသည့် တနင်္သာရီတိုင်းသားများ၏ ထမင်းဝိုင်းတွင် ငါးဟင်းတစ်ခွက် ပါနိုင်ရေးက မလွယ်ကူတော့သည့် အခြေအနေဖြစ်လာသည်။ အာဏာသိမ်းပြီးချိန်မှစကာ တနင်္သာရီတိုင်းအတွင်း ခရီးသွားလုပ်ငန်းများ ရပ်ဆိုင်းသွားသလို တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် ဥယျာဉ်ခြံလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ လယ်ယာလုပ်ငန်းများမှစကာ လုပ်ငန်းအားလုံးနီးပါး ရပ်တန့်ကုန်ပြီဖြစ်သည်။ ယင်းကြောင့် အလုပ်အကိုင်ရှားပါးနေသည့် ပြည်သူများမှာ ဝင်ငွေချို့တဲ့လာချိန်တွင် တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ဟန့်တားပိတ်ဆို့မှုများကြောင့် ကုန်စည်စျေးနှုန်းများ အဆမတန်ကြီးမြင့်လာနေသည်။ အစစအရာရာ ချွတ်ခြုံကျလာသည့် စစ်အာဏာရှင်လက်အောက်တွင် ပြည်သူအများစုက ထမင်းနပ်မှန်မှန်စားရရေး အတွက်ပင် အတော်လေးရုန်းကန်နေကြရသည်။ ကျန်းမာရေးစောင့်ရှောက်မှုကလည်း ယိုယွင်းပျက်စီးနေချိန် နေထိုင်မကောင်းဖြစ်လာပါက ဆေးကုစရိတ် ဖယ်လိုက်လျှင် စားသောက်စရာ မရှိတော့သည့် အခြေအနေဖြစ်နေသည်။ ယင်းကြောင့် ကျန်းမာရေး၊ ကလေးပညာရေး ဆိုသည်မှာ မစဉ်းစားရဲတော့။ နေ့စဉ်ဗိုက်ပြည့်အောင် စားခွင့်ရရေးအတွက်ပင် မနည်းရုန်းကန် နေကြရသည်။ ထိုကြောင့် ခက်ခဲကြမ်းတမ်းသည့် ခေတ်ကာလအတွင်း […]
ပြည်သူများ ကျန်းမာရေးနှင့် မညီညွတ်သော အသောက်အစား၊ အစားအသောက်နှင့် အသုံးအစွဲများ လျှော့ချပါက တစ်ဦးချင်းစီ၊ မိသားစု တစ်စုချင်းစီအတွက် သာမက နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးရှိစေနိုင်မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် က တိုက်တွန်း ပြောဆိုလိုက်သည်။ နေပြည်တော်၌ ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်) က ကျင်းပသည့် စစ်ကောင်စီ အစည်းအဝေးတွင် ရှည်လျှားလှသည့် မိန့်ခွန်း ပြောကြားရာ စစ်ခေါင်းဆောင်က အထက်ပါ အတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပြည်သူများ အသုံးအစွဲ လျှော့ချရေးနှင့် ပတ်သက်၍ “အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ဒေသနှင့် နိုင်ငံ၏ အကျိုးနှင့် ပတ်သက်ပါက ပြောသင့်ပြောထိုက်သည်များကို မဖြစ်မနေ ပြောဆိုရမည်ဖြစ်ကြောင်း” ၎င်းက ပြောဆိုသည်။ လက်ရှိ နိုင်ငံတဝှမ်း […]
မန္တလေးမြို့တွင် နှစ်သစ်ကူးပွဲတော် ကျင်းပ၍ ပြည်သူများ နှစ်သစ်ကိုပျော်ရွှင်စွာကြိုဆို မန္တလေး ဒီဇင်ဘာ ၃၁ ခရစ်နှစ် ၂၀၂၄ ခုနှစ် ကုန်ဆုံး၍ ၂၀၂၅ ခုနှစ်သို့ ကူးပြောင်းသည့်အထိမ်းအမှတ် အဖြစ် နိုင်ငံတကာနှစ်သစ်ကူး ပွဲတော်များကို ကမ္ဘာတစ်ဝန်းတွင် ပျော်ရွှင်စွာဆင်နွှဲ ကြသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများနှင့် အခြားမြို့ကြီးများတွင် ပျော်ပွဲရွှင်ပွဲများ၊ ဖျော်ဖြေပွဲများထည့်သွင်း၍ကျင်းပကြကာ နှစ်သစ်ကို တညီတညွတ်တည်း ပျော်ရွှင်စွာ ကြိုဆိုခဲ့ကြသည်။ မန္တလေးမြို့သူ၊ မြို့သားများအနေဖြင့်လည်း ယနေ့ညနေပိုင်းမှစတင်၍ နှစ်သစ်ကို ကြိုဆိုကြရန် မိသားစုနှင့်မိတ်ဆွေသူငယ်ချင်း အစုအဖွဲ့အလိုက် ပျော်ရွှင်ဖွယ်ရာအစီအစဉ်များဖြင့် နှစ်သစ်ကူးပြောင်းမည့်အချိန်အခိုက်အတန့်ကို စောင့်မျှော်ဆင်နွှဲကြသည်။ ထို့ပြင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ တပျော်တပါး နှစ်သစ်ကူးအခါသမယကို ဆင်နွှဲနိုင်ရန်အတွက် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ည ၆ […]
ခင်ရတနာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝကလွတ်မြောက်၍ လွတ်လပ်ရေးရရှိသော (၇၇) နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်သည်။ လွန်ခဲ့သည့် (၇၇) နှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက လွတ်လပ်ရေးရရှိတော့မည့် မင်္ဂလာအချိန်အခါကို ပြည်သူတို့ စောင့်ဆိုင်းနေကြလိမ့်မည်။ အေးမြသော ဆောင်းအငွေ့အသက်တို့ဖြင့် ထုံလွှမ်းထားသည့် ရန်ကုန်မြို့ သည် သူ၏ မြေပေါ်၌ နိုင်ငံတော်အလံတိုင်ထက်လွှင့်ထူခြင်းကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေမည်လားမသိ။ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်။ နံနက်ဝေလီဝေလင်းတွင် လွတ်လပ်ရေးကြေညာမည်ဟူသည့် သတင်းစကားသည် ရန်ကုန်မြို့မှသည် နယ်စွန်နယ်ဖျားမကျန် ပျံ့နှံ့လာခဲ့သည်။ ညလုံးပေါက်မအိပ်ဘဲ စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသူများ၊ လွတ်လပ်စွာဖြတ်သန်းရတော့မည့် လက်ကျန်ဘဝများအတွက် ကြိုတင်စီမံကိန်းချသူများ၊ လွတ်လပ်ရေး၏အရသာကို ပုံဖော်ခံစားနေကြသူများ၊ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သည့် အာဇာနည်အပေါင်းအား လွမ်းမောသတိရ ကျေးဇူးတင်နေကြသူများ စသည်ဖြင့် […]
ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ ရန်ကုန်၊ ဒီဇင်ဘာ ၂၇ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ဒေသတွင် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က အနီးအနားရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိတွေ့ တိုက်ပွဲများသည် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ထိ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် […]
ကမ္မမြို့ပေါ်ကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေးနေရ၊ ဘုတလင်တွင်လည်း စစ်တပ်က ပြည်သူ ၅၀ ကျော်ကို လူသားဒိုင်း အဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေ ရန်ကုန်၊ ဒီဇင်ဘာ ၂၅ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာ၍ ရပ်ကွက် ၁၂ ခုမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ညောင်ဂျစ်ပင်နှင့် ရေလာလေးရွာ၌ တပ်စွဲထးသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကမ္မမြို့ပေါ်ကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရသည်။ အကြမ်းဖက် […]
ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအသိပညာပေး Talk Show ကျင်းပ
ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအသိပညာပေး Talk Show ကျင်းပ | Ministry Of Information Skip to main content Breadcrumb Home / ဒေးဒရဲမြို့နယ်၌ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေး ကိုယ်လက်လှုပ်ရှား အားကစားအသိပညာပေး Talk Show ကျင်းပ Source link
သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် အနီးတဝိုက်မြို့နယ်များအတွင်း မီးမလာသော်လည်း မီတာခများမြင့်တက်လာသည့်အပြင် ပြည်သူများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်ဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခများအား တစ်ယူနစ် ကျပ်(၃၀)မှ ကျပ်(၅၀) ထိ တိုးမြှင့်ကောက်ခံခဲ့ပြီသော်လည်း လက်ရှိတွင် သတ်မှတ်ထားသည့် နှုန်းထားများထက်ကျော်လွန်၍ ကောက်ခံလာမှုများရှိနေကြောင်းစုံစမ်းသိရှိရသည်။ ထိုသို့ မီတာခများတိုးမြင့်လာခြင်းကြောင့် တနိုင်တပိုင်စီးပွားရေးလုပ်ငန်းများအား ရှေ့ဆက်လုပ်ကိုင်နိုင်ရန် ခက်ခဲသွားကြောင်း ဒေသခံများထံမှသိရသည်။ မီးမီတာရုံး “ မီတာခက ရှေ့လတွေတုန်းက တစ်လကို ၁ သိန်းကျော်ကနေ ခုနိုဝင်ဘာလအတွက်က ၂ သိန်းခွဲကျော်သွားပြီ၊ ၂ ဆကျော်တောင်ခုန်တက်သွားတယ်၊ မီးကလည်းပုံမှန်မလာတော့ အလုပ်ကမဖြစ်တော့ဘူး။ ဝင်ငွေကလည်း ပုံမှန်မရှိတော့ဘူး အမြတ်မပြောနဲ့ အရင်းတောင်ခက်လာပြီ။ ဒါမယ့် ပေးနေရတဲ့ အခွန်တွေကတော့ […]