နေပြည်တော်၊ ဇန်နဝါရီ ၁၉ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပပြုလုပ်သော (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးနှင့် ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်စပ်အစည်းအဝေးများ (5th ASEAN Digital Ministers’ Meeting – 5th ADGMIN and Related Meetings with Dialogue Partners) သို့ တက်ရောက်ခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံသို့ မြန်မာအမျိုးသားလေကြောင်းဖြင့် ပြန်လည်ရောက်ရှိသည်။ (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ […]
အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့ ပြန်လည်ရောက်ရှိ ရန်ကုန် ၊ ဒီဇင်ဘာ ၃၀ ရက် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာဖိတ်ခေါ် စနူကာချန်ပီယံရှစ် Malaysia International Open Snooker Championship 2024 ပြိုင်ပွဲတွင် မြန်မာစနူကာအသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ဘက် နာမည်ကြီးကစားသမားများကို အနိုင်ရရှိပြီး မြန်မာအားကစားသမား ဝင်းကိုကို နှင့် နေမင်းထွန်းတို့က (၃၂)ယောက် အဆင့်သို့ရောက်ရှိခဲ့၍လည်းကောင်း ၊ သက်မင်းလင်း နှင့် သန်းဇော်ထွန်းတို့က (၁၆)ယောက်အဆင့်သို့ အသီးသီးရောက်ရှိခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံအဖြစ် မလေးရှား ၊ အင်ဒိုနီးရှား ၊ စင်္ကာပူ ၊ အင်္ဂလန် […]
နေပြည်တော်၊ ဒီဇင်ဘာ ၁၅ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ခေါင်းဆောင်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများသည် လာအိုနိုင်ငံ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးဌာန၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွင်ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မှုလွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်ဆိုင်ရာ ပူးတွဲကော်မတီ၏ နဝမအကြိမ်မြောက်အစည်းအဝေးနှင့် အမျိုးသားပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးကော်မတီ အဆင့်မြင့်အရာရှိကြီးအဆင့် အကြိုညှိနှိုင်း အစည်းအဝေးများသို့တက်ရောက်ရန် ဒီဇင်ဘာ ၁၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။ အစည်းအဝေး ပထမနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များသည် အမျိုးသားပို့ဆောင်မှု […]
အောင်ပွဲရမြန်မာ့လက်ရွေးစင် ခရစ်ကက် အမျိုးသမီးအသင်းသည် စင်ကာပူပြိုင်ပွဲတွင် ပထမ နှင့် တရုတ်ပြိုင်ပွဲတွင် တတိယဆုရရှိပြီး ပြန်လည်ရောက်ရှိ ရန်ကုန် ၊ နိုဝင်ဘာ ၁၁ရက် စင်္ကာပူနိုင်ငံတွင် အောက်တိုဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည် MERLION TROPHY SINGAPORE WOMEN’S CRICKET CHAMPIONSHIPS 2024 နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HANGZHOU မြို့တွင် အောက်တိုဘာ ၃၁ရက်မှနိုဝင်ဘာ ၁၀ရက် နေ့အထိ ကျင်းပခဲ့သည့် BELT AND ROAD WOMEN’S T201 IN HANGZHOU 2024 ပြိုင်ပွဲတွင် ပထမဆုဖလားနှင့်အတူ တတိယဆုရရှိခဲ့သည်။ အောက်တိုဘာ၂၀ရက်နေ့ မှ ၃၀ရက်နေ့ အထိ စင်္ကာပူနိုင်ငံတွင်အိမ်ရှင်စင်္ကာပူနိုင်ငံအသင်း ၊ မြန်မာနိုင်ငံအသင်း ၊ ကူဝိတ်နိုင်ငံအသင်း တို့သည် […]