ylliX - Online Advertising Network

နှစ်သစ်ကူးကာလအတွင်း ရန်ကုန်- ပြည်နှင့် ရန်ကုန်- မော်လမြိုင် အထူးရထားများပြေးဆွဲပေးမည်

နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း အများပြည်သူ ခရီးသွားလာရေး အဆင်ပြေစေရန်အတွက် ရန်ကုန်- ပြည်နှင့် ရန်ကုန်- မော်လမြိုင် အထူးရထားခရီးစဉ်များ ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ထားသည်။ ရန်ကုန်- မော်လမြိုင်အဆန် အထူးရထား၊ မော်လမြိုင်-ရန်ကုန်အစုန်အထူးရထားကို ဒီဇင်ဘာ (၂၇) ရက်တွင်လည်းကောင်း၊ ရန်ကုန်- မော်လမြိုင် အဆန်အထူးရထားကို မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားကို ဒီဇင်ဘာ(၂၈) ရက်တွင်လည်းကောင်း ပြေးဆွဲပေးမည်ဖြစ်သည်။ အလားတူ ၂၀၂၅ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် ရန်ကုန်-ပြည် အဆန်အထူးရထား၊ ရန်ကုန်-မော်လမြိုင် အဆန်အထူးရထား၊ မော်လမြိုင်-ရန်ကုန် အစုန်အထူးရထားနှင့် ပြည်-ရန်ကုန် အစုန်အထူးရထားများကို ပြေးဆွဲသွားမည်ဖြစ်သည်။  ရန်ကုန်-မော်လမြိုင်အထူးရထားသည် ရန်ကုန်ဘူတာကြီးမှ မနက် (၇) နာရီ (၄၅) […]

သူနာပြုတက္ကသိုလ်သင်တန်းသား/သူတွေရဲ့ နိုင်ငံတကာအဆင့်မီ သင်ကြားမှုနည်းစနစ်များ

အဆင့်မြင့် စက်ကိရိယာတွေ၊ ခေတ်မီနည်းပညာတွေနဲ့ စာပေရော လက်တွေ့ရော သင်ကြားမှု‌တွေ ပြုလုပ်ကြရတဲ့ တပ်မတော်သူနာပြုနှင့်ဆေးလက်ပညာတက္ကသိုလ်သင်တန်းသားများရဲ့ နိုင်ငံတကာအဆင့်မီ သူနာပြုတက္ကသိုလ်ကျောင်းတော်ကြီးမှာ သူတို့ ဘယ်လိုပညာရပ်တွေ သင်ကြားနေရလဲ ဆေးပညာတင်မကဘဲ စစ်ပညာကိုပါ ကျွမ်းကျင်ပိုင်နိုင်အောင်သင်ကြားပြီး စစ်မြေပြင်အတွက် လေ့ကျင့်ကြရတဲ့ စစ်သူနာပြုလောင်းများ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ @pyomayvlog တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အကြောင်း သိကောင်းစရာ ပျိုမေတို့ အရင်တစ်ခေါက်က တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်အကြောင်း တင်ဆက်ပေးခဲ့ပြီးတော့ ဆေးပညာရပ်တွေနဲ့ တက္ကသိုလ်အကြောင်းကို စိတ်ဝင်စားလို့ ဆက်ပြီး လေ့လာမေးမြန်းခဲ့တယ်‌ပေါ့နော် ခေတ်အဆက်ဆက် သမိုင်းကြောင်းလှခဲ့တဲ့ သူနာပြုတက္ကသိုလ်ရဲ့ အကြောင်းတွေ၊ သင်ကြားပေးနေတဲ့ ဘာသာရပ်တွေ၊ အသုံးပြုနေတဲ့ ခေတ်မီ စက်ကိရိယာတွေ၊ အံဩချီးကျူးစရာကောင်းတဲ့ သူနာပြုတက္ကသိုလ်ရဲ့ အကြောင်းတွေကို စုံစုံလင်လင် စပ်စုထားတာမို့ ဝင်ရောက်ကြည့်ရှုပေးကြပါဦးရှင် ပရိသတ်အားလုံးကိုချစ်တဲ့ ပျိုမေ #foryoupage #ပျိုမေvlog #မြန်မာtiktok […]

မင်္ဂလာနံနက်ခင်းလေးပါ

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်၊၁၃၈၆ ခုနှစ်၊နတ်တော်လပြည့်ကျော် ၆ရက် ၊စနေနေ့ ။မိဘဆရာသမားများ၊ ညီအစ်ကိုမောင်နှမဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ၊လုပ်ဖော်ကိုင်ဖက်များနှင့်တကွ မိမိအားစောင့်ရှောက်ခဲ့ပြီး ကျေးဇူးတရားပြုခဲ့သူများအားလုံး အောင်အတိတ်အောင်နိမိတ်များဖြင့်တွေ့ကြုံရသောနေ့လေးဖြစ်ပါစေ။ ကောင်းခြင်းမင်္ဂလာနှင့်ပြည်စုံပါစေ။ အသက်ရှည်၍ဘေးရန်ဟူသမျှကင်းစင်ဝေးပါစေ။ ကောင်းကျိုးချမ်းသာများရရှိခံစားရပါစေ။ အလုပ်တာဝန်များအဆင်ပြေချောမွေ့အောင်မြင်ပါစေ။ မိသားစုဝင်များအားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာပြီးချမ်းမြေ့ပျော်ရွှင်ကြပါစေ။လို့ မေတ္တာများစွာဖြင့်ဆုတောင်းပေးပါတယ် Source link

နေပြည်တော်တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း ဖော်ဆောင်မည်ဟု ဆို – PCT NEWS HOMEPAGE

နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်အတွင်း၌ အဆင့်မြင့်အိမ်ရာစီမံကိန်းအဖြစ် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)ဖော်ဆောင်သွားမည်ဟု သိရသည်။ ယင်းစီမံကိန်းကို နေရာ(၃)နေရာ၌ စီမံဆောင်ရွက်မည်ဖြစ်ပြီး ဇမ္ဗူသီရိမြိုနယ်၊ ပျဉ်းမနား-တောင်ညိုလမ်း အရှေ့ဘက် သုခတော်ဝင်အိမ်ရာ အနီးတွင် တစ်နေရာ၊ ပျဉ်းမနား – တောင်ညိုလမ်း အရှေ့ဘက် DENKO စက်သုံးဆီအရောင်းဆိုင်အနီး၌ တစ်နေရာနှင့် ဓနသိဒ္ဒိရပ်ကွက်၊ တော်ဝင်သီရိလမ်း အနောက်ဘက်တွင် တစ်နေရာ ဖော်ဆောင်မည် ဖြစ်သည်။ ထိုပြင် ယင်းစီမံကိန်းအဖြစ် မြေဧရိယာများ သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်းများအတွက် စိတ်ဝင်စားသည့် လုပ်ငန်းရှင်၊ကုမ္ပဏီများကိုလည်း စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Expression of Interest ကို တရားဝင်ဖိတ်ခေါ်ထားကြောင်း သိရသည်။ ထိုအဆိုပြုလွှာပုံစံကိုလည်း ဒီဇင်ဘာလ(၁၂)ရက်ကစကာ ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများ ပြသပြီး […]

ဩစတြေးလျဓာတ်ခွဲခန်းမှ ပျောက်ဆုံးသွားတဲ့ ဗိုင်းရပ်စ်ပိုးထည့် ပြွန် ၃၀၀ ကျော်မှာ ဘာပိုးတွေပါလဲ.

ဩစတြေးလျဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ပိုးများထည့်ထားသည့်ဓာတ်ခွဲခန်းသုံးပြွန်၃၀၀ ကျော်ပျောက်ဆုံးနေတဲ့သတင်းကတော့အားလုံးလည်းသိပြီး ဖြစ်ကြမှာပါ။ အဲဒီပျောက်ဆုံးနေသောဗိုင်းရပ်စ်ပိုးနမူနာ(၃၂၃ခု)ထဲတွင်… 🚨Hendra virus :Zoonotic (တိရစ္ဆာန်မှလူသို)သေစေသောဗိုင်းရပ်စ်ပိုးသည်တုပ်ကွေးကဲ့သိုလက္ခဏာများနှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများကိုဖြစ်စေနိုင်သည်။ 🚨Lyssavirusခွေးရူးပြန်ရောဂါဖြစ်စေနိုင်သောဗိုင်းရပ်စ်အုပ်စု။ 🚨Hantavirusသည်ပြင်းထန်သောဖျားနာခြင်းနှင့်သေဆုံးခြင်းတိုကိုဖြစ်စေနိုင်သောဗိုင်းရပ်စ်မျိုးစု။ တို့ပါဝင်ကြောင်း၊ ယခုအချိန်ထိ အဆိုပါနမူနာများသည်ခိုးယူခံရခြင်းလား?ဖျက်ဆီးခံရခြင်းလားမသိသေးကြောင်းသိရှိရသည်။ အစစအရာရာ ဂရုစိုက်ကြပါလို့ အသိပေးနှိုးဆော်လိုက်ပါတယ် #crd Source link

မင်္ဂလာရှိသော နေ့သစ်လေးဖြစ်ပါစေ

ဘေးရန်အန္တရာယ်၊ ရန်စွယ်ဟူသမျှမြန်စွာရှင်းလင်း ရောဂါကင်း၍ ကျန်းမာခြင်းသုခ ချမ်းသာခြင်းသုခနှင့် ပြည့်စုံသောနေ့သစ်ဖြစ်ကြပါစေ Source link

Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာ ၃၀ ရက်၊ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Naypyitaw State Polytechnic University တည်ဆောက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်ဟု သိရသည်။ ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က ယခု Naypyitaw State Polytechnic University သည် အများပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိသည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အတွက် ပရိဝုဏ်အတွင်းရှိ စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် အခြားအထောက်အကူပြုအဆောင်များအားလုံး အဆင့်မီမီဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲရေး ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။ Related Source link