ပဲခူး၊ ဒီဇင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဒီဇင်ဘာလ(၂၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ အမှတ်(၂၀)ရပ်ကွက်၌ ၁၉၆၉ ခုနှစ် ကတည်းက ဒေသကြက်သားပေါက်မွေးမြူရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် ဦးစောအယ်ဒို၏ ဧဒင်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက်အား တစ်ပိုင်တစ်နိုင် မွေးမြူခြင်းစနစ်မှ စီးပွားဖြစ် ခြံလှောင်မွေးမြူရေးစနစ်သို့ ပြောင်းလဲဆောင်ရွက်နေသဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ဈေးနှုန်းချိုသာစွာ ဒေသကြက်စာထုတ်လုပ်နိုင်ရေး၊ လိုအပ်သောကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိနိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် မြို့နယ်အလိုက်ဆောင်ရွက်လျက်ရှိသည့် စံပြဒေသကြက်မွေးမြူရေးခြံများတွင် စီးပွားဖြစ်မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ပြီး ဒေသကြက်သားပေါက်စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ […]
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ | Ministry Of Information Skip to main content Breadcrumb Home / ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ Source link
မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ | Ministry Of Information Skip to main content Breadcrumb Home / မိတ္ထီလာမြို့နယ်တွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ Source link
သင်၏ အားလပ်ရက်များကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရင်း ကုန်ဆုံးနိုင်ရန် နည်းလမ်းကောင်းများကို ရှာဖွေပါ။ တစ်ကမ္ဘာလုံးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို မျှဝေရန် စောင့်ဆိုင်းနေသော အာရှတိုက်၏ အလှပဆုံးနိုင်ငံ၏ ယဉ်ကျေးမှုတွင် စီးဝင်ရန် အကောင်းဆုံး အချိန်ပင်ဖြစ်ပါသည်။ Copyright © Ministry of Hotels and Tourism.2022 All Rights Reserved Source link
နေပြည်တော် နိုဝင်ဘာ ၂၅ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် ကလောမြို့ရှိ Mya Yar Pin ဟိုတယ်၌ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ယခုခရီးသွားရာသီတွင် ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည် များ ပိုမိုလာရောက်နိုင်ရေး ပြင်ဆင်ရမည့်ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားကြရန် တိုက်တွန်းလိုပါကြောင်း၊ ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၂-၂၀၂၅)ကို မဟာဗျူဟာ(၅)ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်အကောင် အထည်ဖော်မှုများဖြင့် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိရာ စီမံကိန်းအကောင်အထည် ဖော်မှုကို အထောက်အကူပြုရန် ကလောမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ကျင်းပခဲ့ပါကြောင်း၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)များမှ ကိုယ်စားလှယ်များနှင့် […]
အရှေ့နှင့် အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်သို့တက်ရောက်ရန် ပြည်ပထွက်ခွာ ရန်ကုန် ၊ နိုဝင်ဘာ ၂၄ရက် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိကျင်းပမည့် အရှေ့နှင့်အရှေ့တောင်အာရှနည်းပြများနှင့်ဒိုင်လူကြီးများအတွက် အာရှအိုလံပစ်ကောင်စီ၏ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ( OCA Development Programmer For Coach and Referees – East Asia and Southeast Asia )သို့ တက်ရောက်ရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီ ဦးဆောင်သည့်အဖွဲ့ဝင်စုစုပေါင်း ၈ ဦးတို့သည် ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က လေယာဉ်ခရီးစဉ်အမှတ် 8M 501 ဖြင့် […]
နေပြည်တော် အောက်တိုဘာ ၂၈ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ ရွှေသောင်ယံကမ်းခြေဒေသ Sea & Lake အပန်းဖြေစခန်းသို့ရောက်ရှိပြီး ဒီရေတောစိုက်ခင်းများကို စနစ်တကျထိန်းသိမ်း၍ ခရီးသွားဆွဲဆောင်မှုတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ထားမှု၊ ကျောက်စိမ်းပြတိုက်နှင့် သစ်သားပန်းပုပြတိုက်များ ခင်းကျင်းပြသထားမှု၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ထားရှိမှုနှင့် စွန့်စားအားကစား ခရီးသွားလုပ်ငန်း အစီအစဉ်များဖြစ်သည့် Zip Lining၊ Wall Climbing ၊ Quick Jump အစရှိသည့် အားကစားနည်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ချောင်းသာရုံးခွဲမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ချောင်းသာကမ်းခြေခရီးစဉ်ဒေသ စနစ်တကျ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားပြီး ဌာနပိုင်အဆောက်အအုံများနှင့် တည်ဆောက်ဆဲဟိုတယ်များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ညနေပိုင်းတွင် […]
နေပြည်တော် အောက်တိုဘာ ၂၇ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့နယ် သလပ်ခွာကြိုးဝိုင်းအတွင်းရှိ ရှုခင်းကြည့်မျှော်စင်နှင့် ပုသိမ်မြို့ ၁၉ မိုင်ရှိ ငွေဆောင်အပန်းဖြေ ဆင်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ အန္တရာယ်ကင်းစွာ လေ့လာကြည့်ရှုနိုင်ရေးအတွက် မျှော်စင်ကို အဆင့်မြှင့်တင်ရန်၊ ဆင်စခန်းကို ခရီးသွားများ ဆွဲဆောင်နိုင်အောင် ပြင်ဆင်ဆောင်ရွက်ရန်နှင့် ခရီးသွားမြှင့်တင်ရေးအစီအစဉ်များတွင် ထည့်သွင်း၍ကြော်ငြာပေးရန်ကိစ္စရပ်များကို မှာကြားသည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ထို့နောက် ငွေဆောင်ကမ်းခြေရှိ ယမုံနာဦးဟိုတယ်၌ ငွေဆောင်ကမ်းခြေဒေသ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍ မြှင့်တင်ရေး၊ ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွားများအား ဆွဲဆောင်နိုင်ရန် ညဈေးတန်းကဲ့သို့သော Night Life Activities များကို ဖန်တီးခြင်း၊ ကမ်းခြေတွင် ဆောင်ရွက်နိုင်မည့် […]