ylliX - Online Advertising Network

တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေများသို့  စက်သုံးဆီရောင်းမှုစွဲချက်ဖြင့် ၁၇ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းမြို့နယ်မှ စက်သုံးဆီလုပ်ငန်းလုပ်ကိုင်သူ ၁၇ ဦးကို တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေများသို့ စက်သုံးဆီတင်ပို့ရောင်းချမှု စွဲချက်ဖြင့် မကြာသေးခင်က  ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက ယမန်နေ့ (ဇန်နဝါရီ ၂) ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာ ကံတလူစစ်ဆေးရေးဂိတ်အနီးရှိ ဆီသိုလှောင်သည့် နေရာများမှ လူ ၁၇ ဦးကို  ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ဝင်ဖမ်းခဲ့သည်၊  ဆီသယ်ယာဉ် ၂၂ စီး၊ စက်သုံးဆီမျိုးစုံ  ဂါလန် ၆၀,၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။  အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁၄ ဦးကို  အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူမည်ဟု ဆိုသည်။  ထောင်ဒဏ် ၆ လမှ  ၃ နှစ်အထိနှင့် ငွေဒဏ် […]

မန္တလေးမြို့တွင် ဒီဇင်ဘာလအတွင်း စစ်သားအဖြစ် လူငယ် ၄၀၀ နီးပါး ဖမ်းဆီးခံရ၊ ပြင်ဦးလွင် ပြင်စာကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ က လူငယ်များကို ရိုက်နှက်၍ ပေါ်တာဆွဲဖမ်းဆီးနေ – Khit Thit Media

ရန်ကုန်၊ ဇန်နဝါရီလ ၃ မန္တလေးမြို့ပေါ်ရှိ မြို့နယ် ၇ မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်မှုထမ်းစစ်သားအဖြစ် ၄၀၀ နီးပါး ဖမ်း ဆီးခံရ ပြီး လူငယ်များလူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် NUG အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝန်းက ထိရောက်စွာအရေးယူပေးရန် မန္တလေးသပိတ်အင်အားစုက တိုက်တွန်းလိုက်သည်။ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ မန္တလေးမြို့ပေါ်ရှိ အောင်မြေသာဇံမြို့နယ်တွင် ၆၄ ဦး ၊ ချမ်းအေး သာဇံမြို့နယ်တွင် ၂၅ ဦး ၊ မဟာအောင်မြေမြို့နယ် တွင် ၃၈ ဦး ၊ချမ်းမြသာစည်မြို့နယ် တွင် ၅၂ ဦး ၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၈၂ ဦး ၊ ပုသိမ်ကြီးမြို့ နယ် တွင် ၇၇ ဦး ၊ […]

လက်နက်ကိုင်တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း စက်သုံးဆီရောင်းချသူ ၁၇ ဦး ဖမ်းဆီးခံရ

စက်သုံးဆီများ ဖြတ်တောက်ထားသည် သျှမ်းပြည် မြောက်ပိုင်း၊ ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းအတွင်း စက်သုံးဆီရောင်းချသူ ၁၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ စက်သုံးဆီရောင်းချသူများသည် စက်သုံးဆီကို ကျေးရွာများတွင် သိုလှောင်ထားပြီး တအာင်း (ပလောင်) တပ် TNLA၊ ကချင်လွတ်လပ်ရေးတပ် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ထိန်းချုပ်ထားဒေသများသို့ ပို့ဆောင်နေကြောင်း သတင်းပေးပို့မှုရရှိသဖြင့် ယခုကဲ့သို့ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာတွင် ဇန်နဝါရီလ ၂ ရက်က ထုတ်ပြန်သည်။ လက်နက်ကိုင်ထိန်းချုပ်သည့်ဒေသ တင်ပို့သည့် စက်သုံးဆီသမား ဖမ်းဆီးခံရ ထိုစက်သုံးဆီများကို KIA ထိန်းချုပ်ထားသည့် ဖားကန့်က ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ၊ တနိုင်းဒေသရှိ ရွှေနှင့်ပယင်းမှော်လုပ်ငန်းများနှင့် PDF ထိန်းချုပ်ထားသည့် ကောလင်းက တရားမဝင်ရွှေလုပ်ကွက်များနှင့် ချင်းတွင်း မြစ်ကြောင်းတစ်လျှောက်ရှိ တရားမဝင်ရွှေလုပ်ကွက်များသို့ […]

AA ကို ထောက်ခံမှုဖြင့် ရခိုင်လူမျိုး အငြိမ်းစား ရဲမှူးတစ်ဦး ဖမ်းဆီးခံရ – Western News

အာရက္ခတပ်တော် AA ကို ထောက်ခံအားပေးပြီး လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသည်ဟုဆိုကာ အငြိမ်းစားရဲမှူး ဦးရွှေဇံကို ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဖမ်းဆီးသွားကြောင်း သိရသည်။ သာကေတမြို့နယ် အမှတ် (၇) အနောက်ရပ်ကွက် အောင်ချမ်းသာလမ်းက ၎င်း၏ နေအိမ်သို့ နိုဝင်ဘာလ ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အချိန်က စစ်သား၊ ရဲသား လုံခြုံရေးပူးပေါင်းအဖွဲ့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများက ပြောသည်။ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် အာရက္ခတပ်တော် AA ထောက်ခံသည့် စာသားများ ရေးသားကာ စစ်ကောင်စီအား ဆန့်ကျင်လှုံ့ဆောင်သည်ဟု စွပ်စွဲချက်ဖြင့် အငြိမ်းစား ရဲမှူး ဦးရွှေဇံကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သိရသည်။ ဦးရွှေဇံအား ဖမ်းဆီးရန် ၎င်း၏ နေအိမ်အား ရှာဖွေမွှေနှောက်၍ Iphone 13 […]

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော မြန်မာ ၁၂၈ ဦး ဖမ်းဆီးခံရ

◾ ပါဆယ်ထုပ်ပိုးသည့်အလုပ်ကို လုပ်နေကြခြင်းဖြစ်ပြီး အလုပ်ရှင်မည်သူမည်ဝါဆိုသည်ကို ထုတ်မပြော၍ စစ်ဆေးနေ ၁၃.၁၂.၂၀၂၄Written By Zun ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသား ၁၂၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းဒေသတွင်း သတင်းများအရ သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်အတွင်းရှိ ဂိုဒေါင်တစ်ခုတွင် အလုပ်လုပ်နေကြသော တရားမဝင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၁၂၈ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိုဒေါင်တွင် မြန်မာနိုင်ငံသားများ ရောက်ရှိနေကြပြီး အထောက်အထားမဲ့များ ဖြစ်နိုင်ကြောင်း ပြည်သူများ သတင်းပေးတိုင်ကြားချက်အရ စမွတ်ဆာခွန်ခရိုင် Phanthai Norasing ရပ်ကွက်ရှိ ဂိုဒေါင်ကို သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ […]

လူမှုကွန်ရက်ပေါ် စစ်ကောင်စီကို ဝေဖန်ရေးသားမှုကြောင့် တစ်နှစ်အတွင်း လူ ၃၅၀ ကျော် ဖမ်းဆီးခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် လှုမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ရေးသားဝေဖန်မှုကြောင့် ယခုနှစ် ၂၀၂၄ခုနစ် အတွင်း လူ ၃၅၀ ကျော် ဖမ်းဆီးခံရကြောင်း Data For Myanmar က ယနေ့ (ဒီဇင်ဘာ ၃ )ရက်တွင် ဖော်ပြသည်။ ထိုဖမ်းဆီးခံရသူ အများစုသည် Facebook အပြင် အခြားအွန်လိုင်းပလက်ဖောင်းများဖြစ်သည့် TikTok, Telegram နှင့် Viber မှတစ်ဆင့် စစ်ကောင်စီကို ရေးသားဝေဖန်မှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ထို့အပြင် လူထုလှုပ်ရှားမှုများနှင့် တော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသည့် ရေးသားမှုများ၊ ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူများလည်း ပါဝင်သည်ဟု ဆိုသည်။ အွန်လိုင်းပေါ်မှ ရေးသားပြောဆိုမှုများကို စစ်ကောင်စီဘက်က စောင့်ကြည့်ပြီး အရေးယူမှုတွေရှိသလို မြေပြင်က လုံခြုံရေး စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေကို စစ်ဆေးပြီး […]

တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ကာလအတွင်း အရပ်သား ၁၄၀ ကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင် ကာလအတွင်း ပြည်သူ၁၄၀ ကျော်ဖမ်းဆီးခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဆီက သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလကတည်းက တောင်ကြီး မြို့ပေါ်တွင် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ညဘက်ပေါ်တာဆွဲဖမ်းဆီးခံရမှုများ ပိုများပြားလာကြောင်း မြို့ခံများထံမှ သိရသည်။ ထိုကဲ့သို့ ဖမ်းဆီးခံရသူများမှာ စဝ်စံထွန်းရပ်ကွက်တွင် (၁၀) ဦး၊ ညောင်ဖြူစခန်း (၁၂)ဦး၊ ရတနာသီရိတွင် (၁၅)ဦး၊ ချမ်းမြရပ်ကွက် (၁၀)ဦး၊ ရွှေတောင်ရပ်ကွက် (၂၀)ဦး၊ စိန်ပန်းရပ်ကွက် (၁၆) ဦး၊ကံသာရပ်ကွက် (၁၄)ဦး၊ ကျောင်းကြီးစုတွင် (၂၃)ဦး၊ မင်္ဂလာဦးတွင် (၁၀)ဦးနှင့် ဘုရားဖြူရပ်ကွက်တွင် (၁၆)ဦး တို့ ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း TGI SRမှ နိုဝင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အရင်နှစ်တန်ဆောင်တိုင်ပွဲတော် ဖမ်းဆီးခံရသူ အများစုမှာ […]

ဝေါမြို့နယ်တွင် မြှုပ်ထားသည့် လက်နက်များတွေ့မှုဖြင့် ဒေသခံနှစ်ဦး ဖမ်းဆီးခံရ

တော်လှန်ရေးတပ်ဖွဲ့ဝင်များ တည်းခိုခဲ့သည့်နေရာအနီး လက်နက်များ တွေ့ရှိသည်ဟုဆိုကာ လယ်တဲပိုင်ရှင် နှင့် ဒေသခံအမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးသို့ ပို့ဆောင်ခံရသည်။ Source link