ylliX - Online Advertising Network

ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းမှ သံဃာတော်(၁၁၅)ပါးအား ကျန်းမာရေးစစ်ဆေးကုသမှုများပြုလုပ် – Popular

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ဗုဒ္ဓသာသနာပြုတက္ကသိုလ်နှင့် ဘုန်းတော်ကြီးကျောင်း(၄) ကျောင်းမှ သံဃာတော်များ၏ ကျန်းမာရေးစစ် ဆေးကုသမှုများကို ယနေ့ ဇန်နဝါရီ ၁၂ ရက်ကပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင်တက်ရောက်နေသော နိုင်ငံပေါင်းစုံမှသံဃာတော်များ၊ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းမှ သံဃာတော်များ(စုစုပေါင်း ၁၁၅ ပါး)ကို ကျန်းမာရေး စစ်ဆေး၍ လိုအပ်သောဆေးကုသမှုပေးခြင်း၊ ဆေးဝါးအကူအညီပေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ သံဃာတော်(၁၁၅)ပါးအား ကျန်းမာရေးစစ်ဆေးကုသမှုပေးခြင်းကို Tele-Medicin ပရဟိတဆရာဝန်များအဖွဲ့နှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်(ရန်ကုန်)၏ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ Previous articleလော့စ်ဆန်းဂျလိစ်တောမီး ‌ေ-သဆုံးသူ ၁၆ ဦးရှိလာ၊ မီးငြိမ်းရေး အပြင်းအထန်ကြိုးပမ်းနေ Source link