ylliX - Online Advertising Network

တိုက်ပွဲဖြစ်ပွားတဲ့ ဗန်းမော်မြို့တွင်း ရပ်ကွက််မှာ နေအိမ်အများအပြား ပျက်စီး – Kachin News Group (KNG)

တစ်လခန့်အကြာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းရပ်ကွက်အများအပြား မီးလောင်းပျက်စီးနေပြီး နှစ်ဖက်တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့  ဗန်းမော်ဒေသခံတွေ ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့ကို စစ်ကောင်စီဘက်ကလည်း လေယာဉ်၊ တင့်ကား၊ ဒရုန်း အပြင် လက်နက်ကြီးတွေနဲ့ ပြန်လည် ခုခံတိုက်ခိုက်နေတဲ့အတွက် မြို့တွင်း မီးလောင် ပျက်စီးမှု များပြားကြောင်း ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ “ဗန်းမော်မြို့တွင်းမှာက မြို့တစ်ဝက်ကျော်က ပြာပုံဖြစ်သွားပြီ။ ပြည်သူတွေလည်း ဘယ်သူမှ မရှိတော့ဘူး။ တစ်ချို့အိမ်စောင့် လောက်ပဲရှိတယ်။ ပြာပုံဖြစ်သွားတာက မြို့အလယ်ကောင် ပတ်ပတ်လည် အားလုံးမီးလောင်ပျက်စီးသွားပြီ။ မြို့မရပ်၊ တိမ်တော်ကြီးအထိ အကုန်ပါသွားပြီ။ အိမ်ခြေက ထောင်ကြီးဂဏန်းမရှိရင်တောင်ရာကြီးဂဏန်းတော့ပါသွားပြီ။ အဓိကတော့ စစ်တပ်ကနေ လေကြောင်းနဲ့ ပစ်တယ်။ ပြီးရင် ဒရုန်း ၊ တင့်ကားတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြလို့ဖြစ်တယ်” လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်မြို့တိုက်ပွဲဟာ တစ်လအတွင်းမှာ စစ်တပ်ဘက်ကနေ လေကြောင်းနဲ့ တစ်ရက်ကို ၁၀ ကြိမ်ထက်မနည်း နေ့စဉ်နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ […]

ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ – Myanmar Now

ကချင်ပြည်နယ်အတွင်း ဒီဇင်ဘာ ၄  မှ စတင်ခဲ့သည့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေသည်။ ထိုနေ့ နံနက် ၅ နာရီမှ စတင်ကာ တရုတ်နယ်စပ်နှင့် မိုင် ၅၀ ခန့်သာဝေးသည့် ဗန်းမော်မြို့နှင့် မံစီမြို့များရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များကို  ထိုးစစ်ဆင်ပြီး ဗန်းမော်မြို့နှင့် တစ်မိုင်ခန့် အကွာတွင်ရှိသည့် ခလရ(၄၇)တပ်ရင်း၏ ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။ ပူးပေါင်းတပ်များထဲတွင် အာရက္ခတပ်တော်(AA)၊ ကျောင်းသားတပ်မတော်(ABSDF)၊ ကူကီးအမျိုးသားများတပ်မတော်၊ KIA ၏ ဂေါ်ရခါးတပ်ရင်းနှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)တို့လည်း ပါဝင်သည်။ ဒီဇင်ဘာ ၆ ရက်နေ့တွင် မဟာမိတ်တပ်များ ဗန်းမော်မြို့တွင်းကို  ဝင်ရောက်နိုင်ခဲ့ပြီး မြို့တွင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်များ၊ မြို့နှင့် တစ်ဆက်တည်းရှိနေသည့် စကခ(၂၁)နှင့် တပ်ရင်းဌာနချုပ်များကို ဆက်လက်တိုက်ခိုက်နေသည်ဟု KIA နှင့် […]