ylliX - Online Advertising Network

မီးရှူးမီးပန်းပေါက်ကွဲမှု ၃ ဦးသေဆုံး အများအပြား ထိခိုက်

ဟာဝိုင်အီမှာ တရားမဝင် မီးရှူးမီးပန်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုတွေက သိပ်မအောင်မြင်ပဲ မကြာခင်ရက်ပိုင်းကလည်း မီးရှူးမီးပန်း မတော်တဆမှုကြောင့် လူသေဆုံးရတာတွေ ရှိခဲ့ပါတယ်။ ဟာဝိုင်ယီကို တရားမဝင်မီးရှူးမီးပန်းတွေ နေ့စဉ်လိုလို ပြည်ပကနေ ခိုးသွင်းနေတာ ဖြစ်ပါတယ်။ Source link

ဘရားဇီးတံတားပြိုကျမှု လူ ၄ဦးသေဆုံး

ဘရာဇီးနိုင်ငံမှာ ပြည်နယ်နှစ်ခုကိုချိတ်ဆက်ထားတဲ့ တံတားတစင်း ဒီဇင်ဘာ ၂၂ ရက်နေ့က ပြိုကျခဲ့တဲ့အတွက် လူ (၄)ဦးသေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တင်ကားပေါ်မှာပါလာတဲ့ ဆာဖျူရစ်အက်ဆစ်တွေလည်း Tocantins မြစ်ထဲဖိတ်စင်ကုန်တဲ့အတွက် ကယ်ဆယ်ရေးအတွက်နှောင့်နှေးစရာဖြစ်နေပါတယ်။ Source link

ခွေးလေ့ကျင့်သင်ကြားပေးတဲ့ဆရာ လက်ထောက် ဝက်လေး

ဘရာဇီးလ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ဥရုဂွေးနိုင်ငံသား ဟိုဆေးလူးဝစ်ဂါစီယာ ဆိုတဲ့ အမျိုးသားတဦး ကိုဗစ်ကပ်ဘေးကာလအတွင်း အလုပ်ပြုတ်သွားတာကြောင့် အလုပ် ပြောင်းပြီး ခွေးကျောင်းတဲ့အလုပ် လုပ်ရပါတယ်။ ဒီအလုပ်ကို သူတယောက်တည်း လုပ်တာမဟုတ်ပဲ သူ့လက်ထောက်အနေနဲ့ ပါဘလိုဆိုတဲ့ ဝက်လေးတကောင်ကို ခန့်ခဲ့ပါတယ်။ Source link

အမေဇုန်ပစ္စည်းပို့ဆောင်မှု ဒရုန်းအသုံးပြု

အွန်လိုင်းပေါ်မှာ အရောင်းအဝယ်လုပ်တဲ့ e-commerce အီးကော်မာ့စ်လုပ်ငန်းကြီးတခုဖြစ်တဲ့ Amazon က ဥရောပမှာ ပထမဆုံးအကြိမ်အနေနဲ့ ဒီဇင်ဘာလအစပိုင်းက အီတလီနိုင်ငံမှာ ဒရုန်းနဲ့စမ်းသပ်ပြီး ပစ္စည်းပို့ဆောင်တာ အောင်မြင်ခဲ့တယ်လို့ ပြောပါတယ်။ အီတလီအလယ်ပိုင်း Abruzzo ဒေသက San Salvo မြို့မှာ စမ်းကြည့်ခဲ့တာပါ။ Source link

ရန်ကုန်က ရေကျော်တန်ဆောင်တိုင်ပွဲ ၂၀၂၄

ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က နာမည်ကျော် ရေကျော်ပွဲဈေးမြင်ကွင်းဖြစ်ပါတယ်။ ကိုဗစ် ၁၉ ကမ္ဘာ့ကူးစက်ကပ်ကြီး ဖြစ်ပွားတဲ့ ၂၀၂၀ ကစလို့ နောက် စစ်အာဏာသိမ်းကာလတလျှောက် ၄ နှစ်တိုင်မကျင်းပခဲ့ပဲ အခု ၂၀၂၄ မှာမှ ပြန်ကျင်းပတာပါ။ အမျိုးသားနေ့ကျရောက်ချိန်ကာလလည်းဖြစ်ပြီး အခုပွဲတော်ကို အမျိုးသားအောင်ပွဲနေ့ပွဲတော်အ​​ဖြစ် ကြော်ငြာကျင်းပနေပါတယ်။ အခုလို တိုင်းပြည်မှာ စစ်ရေးပဋိပက္ခအရှိန်မြင့်နေချိန် အရင်က ပျော်ရွှင်ဖွယ်ဈေးပွဲတော်ကျင်းပတာဟာ တိုင်းပြည်က နဂိုအချိန်လို ပြန်အေးချမ်းနေပြီဆိုတာ ပြသချင်တဲ့သဘောဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ Source link