ylliX - Online Advertising Network

မောင်တူး – ငါ့သား မြေး မြစ် စစ်ထဲ မဝင်စေရ တပ်ကြပ်ကြီးရွှေဘ

(မိုးမခ) ဇန်နဝါရီ ၁၀ ၊ ၂၀၂၅ မဝင်စေလျှဉ်း စစ်တပ်တွင်းသို့ ဆိုးခြင်းမျိုးစုံရှိနေလို့။ ။ တပ်ကြပ်ကြီးရွှေဘဟာ အသက် ၆၀ နီးပြီ။ စစ်သက်လည်း ရင့်ပြီ။ တပ်မတော်မှာ အမှု့ထမ်းဆဲ။ ဒါပေမဲ့ သူနေ့စဉ် မှာကြားလေ့ရှိတာကတော့ ” စစ်တပ်ထဲကို မဝင်ကြနဲ့တဲ့။ စစ်ဆိုရင် ရေတောင်စစ်မသောက်နဲ့တဲ့။ စစ်တပ်ထဲမှာက အားလုံးဟာ ကျွန်ခံ‌နေကြရတာတဲ့။ မနေအပ်တဲ့ အရပ်တဲ့။ ငါ့သား သမီး မြေး မြစ်တွေ စစ်တပ်ထဲကို မဝင်စေရဘူးတဲ့။ (သူက ဘာ ကြောင့် ဒီလိုပြောနေရသလဲ။ သိရင်ဖြေပေးကြပါဦး။) ထမော်ရှိန်မှ ရာထူးရ ဟိုတနှစ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှာ သံရုံးအဆင့်မြင့် ဝန်ထမ်း ဗိုလ်မှူးကတော်နဲ့ သူ့ညီမအရင်းတို့ ရန်ဖြစ်ကြသတဲ့။ ဗိုလ်မှူးကတော်ရဲ့ ညီမက တော်လှန်ရေးကျောင်းသားတယောက်နဲ့ […]

ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ

ဆောင်းရာသီ ရောက်လာပြီဆိုရင် အသားအရေက သိသိသာသာ ခြောက်သွေ့လာပါတယ်။ ဆောင်းရာသီမှာ အသားခြောက်တာ၊ အသားကြမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အသားအရေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ သေချာလေး ထိန်းသိမ်းဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ အမှတ်မှားနေနိုင်တဲ့ ဆောင်းရာသီ အသားအရေ ထိန်းသိမ်းနည်းတွေကို ပြောပြပေးထားပါတယ်။ ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ ဆောင်းရာသီနဲ့ အသားအရေထိန်းသိမ်းမှု Myths များစွာ ကတော့ – Myth  1 –  ဆောင်းရာသီမှာ sunscreen လိမ်းစရာ မလိုဘူး Fact – တကယ်ကတော့ ဆောင်းရာသီမှာလည်း နေရောင်က ကျရောက်နေဆဲဖြစ်ပြီး ဒီနေရောင်ထဲမှာ အသားအရေကို ထိခိုက်စေနိုင်တဲ့ UVA ရော UVB တို့ပါ ပါဝင်နေပါတယ်။ […]

ဗန်းမော်နှင့် မံစီ တိုက်ပွဲဆက်လက် ပြင်းထန် – သျှမ်းသံတော်ဆင့်

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကချင်ပြည် ဗန်းမော်နှင့် မံစီ ဒေသတွင် ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်) တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့နှင့် ယနေ့တွင် ဗန်းမော်မြို့တွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီ အလောင်း၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု ပြောဆိုသည်။ “မနေ့က ဗန်းမော် လေယာဉ်ကွင်းနား ၂ မိုင်နဲ့ ၅ မိုင်မှာ တိုက်ပွဲဖြစ်တယ်။ မံစီ စစ်ကောင်စီတပ်ဘက်မှာလည်း တိုက်ပွဲဖြစ်တယ်။ အလောင်းနဲ့ လက်နက် တချို့ရပါတယ်။ ဗန်းမော်မြို့တွင်းမှာလည်း တိုက်ပွဲ ဆက်ဖြစ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ဗန်းမော်မြို့ကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်လိုက်ပြီ […]

အင်းလေးတောင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ် – သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စိုက်ပျိုးရေးလုပ်ကိုင်သူများ မျိုးစေ့ မဖြစ်ထွန်းမှုကြောင့် အရှုံးပေါ်နေကြောင်း တောင်သူများက ပြောဆိုသည်။ အင်းလေးတောင်သူများသည် ယခင်(၂၀၂၃)ခုနှစ် မှ ငရုပ်ပွစိုက်ပျိုးရာ အမြတ် ကျပ်(သိန်း၅၀) မျှရရှိသော်လည်း ယခုနှစ်များတွင် မျိုးစေ့ မဖြစ်ထွန်းမှုနှင့်အတူ မြေဆီလွှာပျက်စီးမှုကြောင့် အမြတ်မရသည့်အပြင် အရှုံးဖြင့် ရင်ဆိုင်နေရသည်ဟု တောင်သူအမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စိုက်ပျိုးမြေများသည် ဓာတ်မြေဩဇာအလွန်ကျွံ သုံးစွဲမှုကြောင့် မြေဆီလွှာပျက်စီးပြီး မျိုးစေ့များ အတုထုတ်လုပ်ရောင်းချလာမှုကြောင့် အပင်မဖြစ်ထွန်းလာတော့ကြောင်း တောင်သူအမျိုးသမီးက ပြောသည်။ “အရင်က ဆို ငရုပ်ပွစိုက်တာ ကျပ်(သိန်း ၅၀) လောက်မြတ်တယ်။ အခုက အပင်မပေါက်တော့ အကုန်ရှုံးသွားတယ်။ အရင်က မြေဩဇာတွေ အများကြီး သုံးထားတော့ မြေကြီးက ပျက်ပြီထင်တယ်။ဒီနှစ်တော့ သဘာဝမြေဩဇာပဲ သုံးထားတာ။ မျိုးစေ့တွေကလည်း အတုထုတ်ထားတဲ့ဟာ […]