၂၄. ၁. ၂၀၂၅Written by Thettant နိုင်ငံကျော် လူကြိုက်များပြီး အောင်မြင်တဲ့ အဆိုတော် မာရဇ္ဇ (ခေါ်) ကိုမာကြီးဟာ ဇန်နဝါရီ ၂၃ ရက်၊ ညပိုင်းက ရန်ကုန်မြို့၊ ဗဟိုရ်စည်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ ကော်ပီသီချင်းခေတ်မှာ ကိုယ်ပိုင်သံစဥ်တေးသီချင်းတွေကို သီဆိုပြီး ဆယ်စုနှစ်များစွာ ပရိသတ်အခိုင်အမာရရှိထားတဲ့ မာရဇ္ဇဟာ ပြန်ဆိုတေးခေတ်မှာလည်း ပရိသတ်နှစ်ခြိုက်အောင် သီဆိုနိုင်ခဲ့သူဖြစ်ပြီး သူ့ကွယ်လွန်မှုက ကျောက်ကပ်ရောဂါနဲ့လို့ ကနဦး သိရပါတယ်။ “ကျနော့်ရဲ့ juke-boxBand နဲ့ လက်တွဲခဲ့တဲ့အဆိုကျော်(ကို)မာရဇ္ဇ မနေ့ညက ကွယ်လွန်သွားတယ် သိရလို့မိသားစုနဲ့ထပ်တူကြေကွဲရပါတယ်(သတ်ပုံမူရင်း)”လို့ ဂစ်တာအနုပညာရှင် နိုင်ဇော်က ဝမ်းနည်းစကားဆိုပါတယ်။ အဆိုတော် မာရဇ္ဇဟာ တေးသီချင်းကောင်းများစွာ သီဆိုအောင်မြင်ခဲ့သလို ရည်းစားဦးအတွက်သီချင်း၊ ဆင်မြီးကွင်းလက်စွပ်၊ ကဥ္စနား၊ မျှော်လင့်ခြင်းလမင်း၊ ဆွဲအား၊ ဝေးဝေးကလွမ်း၊ အလွမ်းမိတ်ဆွေ၊ ရွှေရောင်ကောင်းကင်၊ […]
ရန်ကုန်၊ ဇန်နဝါရီ ၁၇ မန္တလေးမြို့ပေါ် ၊ မြို့နယ် ၇ ခုအတွင်း စစ်တပ်က ဇန်နဝါရီလ ၁၅ ရက်တာကာ လအတွင်း လူငယ် ၁၂၂ ဦးထက် မနည်းကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မန္တလေး သပိတ်အင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ နှစ်ပတ်တာ ကာလအတွင်း အောင် မြေ သာဇံမြို့နယ်မှ ၁၉ ဦး၊ ချမ်းအေးသာဇံမြို့နယ်မှာ ၁၅ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၁၇ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၁၉ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၁၉ ဦး၊ အမရပူရမြို့ နယ်မှ ၁၈ ဦး၊ ပုသိမ်ကြီးမြို့နယ်မှ ၁၅ ဦး စုစုပေါင်းလူငယ် […]