မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်အတွင်းမှာ ထိခိုက်မှုအန္တရာယ်နဲ့ ဘေးရန်များတတ်တဲ့ နေ့နံဖွားများကို မြန်မာ့လက်ဆန်းဗေဒင်ပညာအရ တွက်စစ်ဖော်ပြပေးပါမည်။ မြန်မာ့ရိုးရာမဟာဘုတ်ဗေဒင်ပညာအရ ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်မှာ (17.4.2024 – 16.4.2025 ) ၁) အင်္ဂါနေ့ဖွားများအနေနဲ့ ထိခိုက်မှုဘေးနဲ့ ဘေးရန်အန္တရာယ်များတတ်တဲ့ ပထမဉီးစားပေးနေ့ဖွားများပဲ ဖြစ်ပါတယ်။ သွားလာသတိရှိရမယ့်နှစ်ဖြစ်ပြီး လူမှုပေါင်းသင်းရေးမှာလည်း စကားကြောင့် ခိုက်ရန်ပြဿနာ ဖြစ်ပွားလွယ်တဲ့နှစ်မျိုးပါပဲ၊ စကားနည်းလေးအဆင်ပြေလေနှစ်မျိုးဖြစ်ပြီး ကျန်းမာရေးပိုင်း ချူခြာအားနည်းမှုလည်း တစ်ခုမဟုတ်တစ်ခု ကြုံရတတ်ပါတယ်။ အထူးသဖြင့် နာမည် အင်္ဂါအစ +ဗုဒ္ဓဟူးအဆုံး(ဆွေဆွေဝင်း၊ ဇင်လဲ့ဝါ၊ စိုးနိုင်ဝင်း ) ၊ အင်္ဂါအစ+ စနေအဆုံး ( စုရတနာ၊ ဆွေဇင်လင်းထိုက်၊ ဇင်လင်းထွန်း) စတဲ့နာမည်ရှင်မျိုးတွေအနေနဲ့ ပိုမိုသတိထားအပ်တဲ့ နှစ်ကာလမျိုးပဲ ဖြစ်ပါတယ်။ ယတြာအနေနဲ့ ဘုရားစေတီ ဗုဒ္ဓဟူးထောင့်၊ ရာဟုထောင့်တွင်မကြာခဏသန့်ရှင်းရေး […]
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် (ဧပြီ ၁၇ ၂၀၂၄ မှ ဧပြီ ၁၆ ၂၀၂၅ အတွင်း) အကြွင်းဖွားအလိုက် ကြုံတွေ့ရမယ့် အခက်အခဲတွေ ၊ သတိထားရမယ့်ကိစ္စရပ်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ရာ ဖော်ပြပေးလိုက်ပါတယ်။ ရိုးရာဗေဒင်ပညာအရ အကြွင်းဖွားဆိုတာ မိမိရဲ့ မြန်မာမွေးနှစ်ကို ၇ နဲ့ စားလို့ ရလာတဲ့မဟာဘုတ်အကြွင်းကို ဆိုလိုတာ ဖြစ်ပြီး ရလာတဲ့ အကြွင်းအလိုက် ဒီတစ်နှစ်မှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ အားပြိုင်ရနိုင်သလဲဆိုတာ သိရမှာပါ။ (၁) ကြွင်းဖွားများ ဒီတစ်နှစ်တာအတွင်းမှာ ငွေကြေးစီးပွား၊ ဥစ္စာဓနနဲ့ ပတ်သက်လို့ စိတ်တိုင်းမကျတာ၊ စိတ်အခန့်မသင့်တာတွေ မကြာခဏ ဖြစ်တတ်ပါတယ်။ ငွေအသုံးအစွဲ လက်လွန်တာ၊ အဆင်အခြင်မဲ့ လုပ်မိတာတွေ များတတ်ပါတယ်။ (၂) ကြွင်းဖွားများ ဒီနှစ်ထဲမှာ ဘယ်ခရီးပဲ သွားသွား […]