ထိုင်းနှင့် တရုတ် နယ်စပ် တကြော မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေတီဗွီ (KTV )များ ၌ မူးယစ်ဆေးဝါး ရောင်းချမှု ပိုမိုမြင့်တက်သည်ဟု စုံစမ်းသိရသည်။ မြန်မာသျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊နားကောင်းမူးမြို့များတွင် စစ်အာဏာသိမ်းပြီးနောက် KTV ဖွင့်လှစ်မှုများပြားပြီး ထိုထဲတွင် မူးယစ်ဆေးဝါးများ ထည့်သွင်း ရောင်းချလာကြောင်း တာချီလိတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူစစ် ပူပေါင်းပြီး KTV တွင် မူးယစ်ဆေးကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေပြီး၊ ၎င်းနေရာတွင် စိတ်ကြွဆေးဝါးများကို အလွယ်တကူသုံးစွဲနိုင်ကြသည်ဟု ၎င်းက ဆက်ပြောသည်။ ထို KTV ထဲတွင် Ketamine Hydrochloride (K) မူးယစ်ဆေးဝါးသည် အဖြူရောင်အမှုန့် ဖြစ်ပြီး နှာခေါင်းရှူရှိုက်ရသည့် စိတ်ကြွမူးယစ်ဆေးတစ်မျိုး၊ […]