ylliX - Online Advertising Network

မြန်မာဘောက်ဆင်သမားများကို ဂျပန်နှင့် ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် ပွဲစဉ်များသို့ သွားရောက်ယှဉ်ပြိုင်ရန် စေလွှတ်မည်

မြန်မာဘောက်ဆင်သမားများကို လာမည့် ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ကျင်းပပြုလုပ်မည့် လက်ဝှေ့ပြိုင်ပွဲများနှင့် မတ်လအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် လက်ဝှေ့ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာဘောက်ဆင်ကော်မရှင် တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြော သည်။ အဆိုပါ နိုင်ငံတကာပွဲများသို့ သွားရောက်‌ယှဉ်ပြိုင်ရမည့် မြန်မာဘောက်ဆင် ကစားသမားများအနေဖြင့် မြန်မာဘောက်ဆင်ကော်မရှင်က ကျင်းပပြုလုပ်သည့် PBM 1, PBM 2, PBM 3 ပွဲစဉ်များအတွင်း အနိုင်ရရှိသူများကို စေလွှတ်သွားရန်ရှိသည်ဟု ဆိုသည်။ “ဖေဖော်ဝါရီလပိုင်းမှာ ဂျပန်နိုင်ငံ အိုဆာကာမှာ သွားပြိုင်မှာရှိတယ်။ ပြီးတော့ မတ်လပိုင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မှာသွားပြိုင်ဖို့လည်း ငါးယောက် လက်ခံ ရရှိထားပါတယ်။ နောက်ပိုင်း JBC နဲ့ လက်တွဲလုပ်တဲ့ပွဲတွေမှာလည်းပါဝင်နိုင်ပြီးတော့ ကစားသမားတွေရဲ့ လက်ရည်ပေါ်မူတည်ပြီး WB C ပွဲတွေအထိ […]